ရိပေါ် စ၍ ရှောင်ကျန့် နောက်သို့ လိုက်ပြီးဖြစ်သည်။
ညနေ ကျောင်းကအပြန် ရှောင်ကျန့်က အချိန်ပိုင်းအလုပ်သို့ ဘက်စ်ကားဖြင့် သွားလေ့ရှိသည်။
ရှောင်ကျန့်နောက်က ရိပေါ် တိတ်တိတ်ကလေး လိုက်သည်။ ကော်ဖီ ဆိုင်တစ်ခုထဲ ဝင်သွားသော ရှောင်ကျန့်ကို ခပ်လှမ်းလှမ်းကနေ အကဲခတ်ကြည့်လို့နေသည်။
အေပရွန်နဲ့အတူ ဝတ်စုံက သူ့အား အံ့အားသင့်သွားစေသည်။ Coffee shopတစ်ခုရဲ့ Waiter မဟုတ်ဘဲ ၊ Coffee Chefတစ်ယောက်ဖြစ်နေခဲ့သည်။
နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်အတွက် ဆိုင်ရှင်၏ သဘောကောင်းမှုက အံ့သြလောက်စရာ။
အေပရွန် လဲလှယ်ပြီး အလုပ်တွေ စတင်လိုက်တာနဲ့ တပြိုင်နက် ဆယ်ကျော်သက်များက ဝိုင်းအုံလို့လာသည်။ ကျောင်းဆင်းချိန်မို့ အားလုံးက ကော်ဖီဆိုင်သို့ လာကာ မုန့်လာစားကြသည်ထင်။တချို့က ဆွဲဆောင်မှုအပြည့်ဖြင့် ကော်ဖီ ဖျော်နေသော ထို အဖျော်ဆရာကို သက်သက် ကြည့်ဖို့ လာကြသည်ထင်။
သဘောတကျ ငေးမောကြည့်နေသော မျက်ဝန်းများကို တဖက်လမ်းကနေ လက်ကိုပိုက်ကာ စောင့်ကြည့်နေသော ရိပေါ် ကပါ လှမ်း၍ မြင်နေရသည်။
တချို့က ဖုန်းကို ထုတ်က ဓါတ်ပုံရိုက်ယူနေကြသည်။ တချို့က စကားစမြည်း ပြောဆိုနေကြသော်လည်း သူက ပြုံး၍သာ တုံ့ပြန်နေသည်ကိုမြင်လိုက်ရသည့်အတွက် ရိပေါ် အမျိုးအမည်မသိသော စိတ်ခံစားချက်တို့ဖြစ်ပေါ်လာသည်။
သူသိလိုက်သည်။
ဘာလို့ ဆိုင်ရှင်က အဲ့ဒီ ကော ကို အဖျော် တာဝန်ပေးထားသည်လည်းဆိုတာ။
အဲ့ဒီဆိုင်ရှင်ရဲ့ စီးပွားရေးကတော့ ကောကြောင့် ကောင်းနေရပြီမလား။
ရိပေါ် ခနဲ့ပြုံးလိုက်ပြီးနောက် ခြေလှမ်းများကို ထိုဆိုင်သို့ ဦးတည်လိုက်သည်။
'ကော်ဖီဆိုင်ရောက်မှတော့ တစ်ခုခုသောက်ပြီး ပြန်တာပေါ့။'
YOU ARE READING
No reason