PART(4)

195 22 7
                                    

ရိ​ပေါ်က နည်းပညာတက္ကသိုလ်က ပထမနှစ်​ကျောင်းသား။ First yrရဲ့ Kingဖြစ်သလို၊ Rich kid လည်းဖြစ်​တော့ တခါတ​လေ ​ကျောင်းစည်းကမ်းကို ချိုး​ဖောက်တာ​တောင် ဆရာ​တွေက မဆူပူရဲဘူး။

အတန်းထဲက အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့​ကောင်​တွေကိုလည်း ထိုးကြိတ်ခဲ့လို့ ဆရာ​တွေ က ဒဏ်ရာရသွားတဲ့​ကျောင်းသားမိဘ​တွေကို ​ပြေရာ​ပြေ​ကြောင်း​ပြောကာ ​ဖြေရှင်း​ပေးရသည်အထိ ဝမ်ရိ​ပေါ်ရဲ့ မိဘ ​နောက်ခံက ပါဝါကြီးသည်။

ထိုသို့ ​ငွေဖြင့် လိုက်ကာ ​ဖြေရှင်း​ပေးကြ​သော မိဘ၂​ပါး၏ ကောင်းမှု​ကြောင့် သူထင်ရာဆိုင်းကာ ဘာကိုမှ ဂရုမစိုက်ဘဲ ဆိုးချင်သလိုဆိုးးလုပ်ချင်သလိုသာလုပ်​တဇွတ်ထိုး လုပ်နေတတ်​တော့သည်။

ပွေသည်။ ရှုပ်သည်။ အ​လောင်းအစားလည်း ဝါသနာပါသည်။  ပိုးပန်းရခက်သည့် သူ​ဌေးသမီးများကို မချစ်ပဲ အ​ဖြေရသည်အထိ အ​လောင်းအစားလိုမျိုး သ​ဘောထားကာ လိုက်တတ်သည်။ ကစားပွဲမှာ ရက်စ်လို့သာ သူအ​ဖြေရခဲ့ရင် သူနိုင်ပြီးဖြစ်သည်။
ဘော်ဒါ​တွေကြား မားမားဘွိုင်းဟု နာမည်ကြီးသည်။

"မင်းတို့ သိလား ?
ငါ့​​ဆေးလိပ်ကို နင်း​ခြေပြီး မီးငြိမ်းသတ်ရဲတဲ့သူ
ဒီကမ္ဘာ​ပေါ်မှာ ရှိလာခဲ့ပြီ"

"ဘာ ​ပြော တယ်....
မင်း မင်း ​​ဆေးလိပ်ကို​လေ
ဆရာ​တွေက​​တောင် မင်းကို ​ဘေးမဲ့​ပေးထားတာ..
ဘယ်သူက အဲ့လို လုပ်ရဲတာလဲ"

"ရှိတယ်  အဲ့လိုလူ"

"ပြုံး​နေတာလား "

"ငါ ဘယ်မှာ ပြုံးလို့လဲ"

​ကွေးညွှတ်ကာစ နှုတ်ခမ်းပါးက ပြန်၍​တင်းတင်း​​စေ့ပိတ်ထားပြီး ရိ​ပေါ်ငြင်းဆန်​နေသည်။

"စိတ်ဝင်စားစရာပဲ  ပျိုမသီ​လေးလား ​ချောလား"

သူငယ်ချင်းများကို ရိ​ပေါ် စိတ်ပျက်သလိုကြည့်လိုက်ပြီး ဆိုသည်။

"ပျိုမသီ​လေး မဟုတ်ဘူး ...ပျိုမထီ"

"အယ်....ဒါဆို ကျား​ပေါ့ "

"အင်း "

"ခြ​င်္သေ့ကို မ​ကြောက်တဲ့ ကျား ​ပေါ်လာပြီ​ပေါ့ ငါ့​ကောင်ရာ့.....ဟားဟား"

No reason Where stories live. Discover now