ရှုတင်ပြီးတော့ ရှောင်ကျန့် အိမ်ကို မပြန်ဖြစ်သေး။
ကော်ဖီ ဘားလေးအတွက် လိုအပ်တာတွေ ဝယ်ဖို့ စာရင်း လုပ်ရင် အတော်ညနက်တဲ့အထိ ဆိုင်ထဲတွင်ရှိနေခဲ့သည်။
မနက်ဖြန် အတန်းပြီးရင် သူ လိုအပ်တာတွေ ဝယ်ဖို့ကုန်ကြမ်း ပစ္စည်းဆိုင်သို့သွားရမည်။
အတွေးထဲ မနက်ဖြန်အတွက် လုပ်ရမည့်အလုပ်တွေ အစီအစဥ်ချရင်း ရှောင်ကျန့် အချိန်ကို မေ့နေခဲ့သည်။
ကန်ပါး ဆီမှ ဖုန်း၀င်လာတော့မှ သူအိမ်ပြန်မည့်အချိန်နောက်ကျ နေမှန်း သိတော့သည်။
စတိုခန်းက မီးတွေကို ပိတ် ဆိုင်တံခါးတွေကိုလည်း သေချာပိတ်ကာ သူထွက်လာခဲ့သည်။
တစ်ယောက်ယောက်ကို တွေ့လိုက်သည်နှင့် သူ့ခြေလှမ်းတွေ တန့်သွားရသည်။
"ကော "
"ရိပေါ် မင်း မပြန်သေးဘူးလား"
"ကောကို စောင့်နေတာ"
"ငါ့ကို? "
"အင်း! နောက်ကျနေပြီး မလား
ကော တစ်ယောက်တည်း ပြန်မလို့လား""ငါ တက်စီငှားပြန်လို့ရတယ်"
"ကျနော် စိတ်မချပါဘူး"
"ဟမ်? ဘာကို စိတ်မချတာလဲ"
"ကော တစ်ယောက်တည်း တက်စီ စီးပြန်မှာကိုလေ
တစ်ယောက်တည်း မဖြစ်ပါဘူး။ကျနော် လိုက်ပို့ပေးမယ်"
"မ...ပို့! "
"Taxi!!"
ရိပေါ် အငှားယာဥ်ကို တားလိုက်သည်။
တံခါးကို ဆွဲဖွင့်သည်။ ကောကို အရင်ဝင်ထိုင်စေပြီး သူက နောက်မှ လိုက်၍ ဘေးတွင် ကပ်ထိုင်သည်။
သူအိတ်ကပ်ထဲမှ မက်စ်တစ်ခုကို ဆွဲထုတ်ပြီး
ကောကိုသေချာ တပ်ပေးလိုက်သည်။"ရပြီး!! "
ကော အနားသို့ သူ တီးတိုး ပြောဆိုလိုက်သည်။
*နောက်အပတ်ဆို မဂ္ဂဇင်း မျက်နှာဖုံးမှာ
ကောပါလာတော့မှာ...မျက်နှာကိုသေချာ ဖုံးထားပါတခြားသူတွေကို မတွေ့စေချင်ဘူး*
YOU ARE READING
No reason