Unicode
"မတရားဘူး..လုံးဝမတရားဘူး "
"ဘာဖြစ်လို့လဲ..လူ့ပြည်မသွားချင်လို့တော့မရဘူးလေ..မဆိုးစမ်းနဲ့ "
လူ့ပြည်မသွားလို့မရဘူးဆိုတာ ဘာစကားလဲ။ဒါဆို ဝမ်ရိပေါ်က သူ့ကိုလိုက်ပို့ချင်လို့မဟုတ်ဘဲ တမင်ကိုသွားလည်တာပေါ့။ဒါက မသွားမဖြစ်သွားရမည်ဆိုသော အဓိပ္ပါယ်မလား။
ဒါပေမဲ့သူပြောတဲ့မတရားတာက အဲ့ဒါကိုပြောတာတော့မဟုတ်ဘူးလေ။သူဟာ ဝမ်ရိပေါ်ဖုံးကွယ်ထားသော လူ့ပြည်သို့မသွားမဖြစ်သွားရမည်ဆိုသောကိစ္စအမှန်ကို သိချင်လာမိသည်။ဒါက သူနဲ့ပက်ကိုပက်သတ်နေမည်မှာ အသေအချာပဲ။
"အမှန်အတိုင်းပြော..ဘာလို့လူ့ပြည်ကိုမသွားလို့မရရမှာလဲ "
ဝမ်ရိပေါ်က မပြောချင်သလို့ ခေါင်းကိုလွဲသွားသည်။
"ရိပေါ်..ကျွန်တော်စိတ်မဆိုးဘူး..ပြောပြပါ "
"အိပ်ဆောင်ပြန်ကြရအောင် "
ဝမ်ရိပေါ်က ကမ်းစပ်ကိုမျက်နှာမူလိုက်သည်နှင့် လှေကအလိုလိုရွေ့သွားခဲ့သည်။ရှောင်ကျန့်အထင်သာမှန်ခဲ့မယ်ဆိုရင်..။
"ဘာလဲ နတ်ဆိုးတိုင်းပြည်မှာဆက်နေရင် ကျွန်တော်သေမှာမို့လို့လား "
ရုတ်တရက်လှေက ရပ်သွားခဲ့သည်။ရှောင်ကျန့်မြင်နေရသော ကျောပြင်ကျယ်တစ်ခု၊သူ့ကိုအမြဲပြုံးရီပြနေတတ်တဲ့မျက်နှာက လှည့်မလာတော့ချေ။ဒါဆို သူထင်တာမှန်ခဲ့တာပေါ့။
"ဟုတ်တယ်မလား..မှန်နေတယ်မလား "
"အင်း "
ကြည့်ရတာ ဝမ်ရိပေါ်လည်း မဖုံးကွယ်ထားချင်တော့ပုံပါပဲ။ဖုံးကွယ်ပြီးတော့ရော ဘာလုပ်လို့ရဦးမှာလဲ။သူ့အလှလေးက ဒီတစ်ခါဉာဏ်ပြေးလွန်းခဲ့ပြီလေ။
"မသွားဘူး "
"မရဘူး..!!"
"မသွားဘူး..ခင်ဗျားက ဒီတိုင်းပြည်မှာရှိနေမှဖြစ်မှာ..သွားရမယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက်ထဲသွားမယ်..ခင်ဗျားမလိုက်ခဲ့နဲ့"
"မရဘူး..အလှလေး ကိုယ့်ကိုစိတ်မချရအောင်မလုပ်ပါနဲ့လား..ကိုယ်လိုက်ရမှဖြစ်မှာ "
BẠN ĐANG ĐỌC
Young prey(Completed)
FanfictionYizhan fanfic ပါ။ရိပေါ်က နတ်ဆိုးတစ်ပါးဆိုတော့ အလှလေးရှောင်ကျန့်ကို ဘယ်လိုသိမ်းပိုက်မလဲ။ရှောင်ကျန့်ကအရမ်းကြောက်တတ်တော့ နုနုယွယွနဲ့ဘယ်လိုသိမ်းပိုက်မလဲ ဖတ်သာကြည့်ကြတော့နော်။