၃၀.ငါ့ယောကျာ်းကအကောင်းဆုံး

5.4K 594 26
                                    

Unicode

မောဟိုက်တုန်ရီနေတဲ့ ရှောင်ကျန့်ကိုယ်လုံးလေးကို ဝမ်ရိပေါ်က ပွေ့ချီလျက် ရေတံခွန်အောက်ဘက် လှိုင်ဂူထဲသို့ဝင်သွားလိုက်၏။သေချာပေါက် အဲ့နေရာကိုမဝင်ခင် ရေတံခွန်မှကျလာသော ရေတွေကို ဖြတ်လာရတာပေါ့။

ရင်ခွင်ထဲထည့်ထားခံရတဲ့ ရှောင်ကျန့်ဟာ တစ်ကိုယ်လုံးရေများစိုရွဲလို့နေပြီး သူ့ရဲ့ကျောပြင်ဘက်မှာလည်း မာတောင့်တောင့် ကြမ်းပြင်ရဲ့အေးစက်မှုကိုလည်း ခံစားလိုက်ရ၏။အမှန်ကိုပဲ သူအဝတ်ဗလာနဲ့ မြေပြင်ပေါ်ချခြင်းခံလိုက်ရတာ။သူပဲလားဆိုတော့ သူ့အပေါ်အုပ်မိုးထားတဲ့ ဝမ်ရိပေါ်ကလည်း အဝတ်ဗလာနဲ့ပါပဲ။

လှဲလျောင်းနေသောနေရာသည် မာသောငြားလည်း ရေနဲ့အမြဲထိတွေ့နေတော့ ကြမ်းတမ်းခြင်းမျိုးမရှိပေ။

"အလှလေး "

ရှောင်ကျန့်ဘာမှဆက်မပြောနိုင်ပေ။အခွင့်အရေးယူတဲ့ ဝမ်ရိပေါ်ရဲ့လက်တွေက သူ့တစ်ကိုယ်လုံးကို စုန့်ချီဆန်ချီရွေ့လျားကာ ပွတ်သပ်လို့နေ၏။ထိုနေရာတိုင်းဟာ ပူလာသည်ဟုခံစားရပြီး မရိုးမရွခံစားချက်ကလည်း ကပ်ပါလာလျက်ရှိသည်။

"ကြောက်နေတာလား "

ခန္ဓာကိုယ်တောင့်တောင့်ကြီးဖြစ်လို့ မျက်နှာတစ်ဖက်လွဲထားတဲ့ ရှောင်ကျန့်က ခေါင်းအသာငြိမ့်ပြလိုက်၏။သူ့မျက်လုံးများကတော့ မှိတ်ထားလျက်သာ။

သူဟာ ဝမ်ရိပေါ်ရဲ့ ဟက်ခနဲရီလိုက်သံကိုကြားလိုက်ရ၏။

"ချစ်စရာလေးကွာ "

"မဟုတ်တာတွေလျှောက်မပြောနဲ့ "

"ဟုတ်တာမှန်တာပြောရင် ကြည်ဖြူမယ်မလား..ဒါဆို ခွင့်ပြုလိုက်တော့ အလှလေးတစ်ကယ်ချစ်ဖို့ကောင်းနေတာ..နီရဲတွတ်နေတဲ့ကိုယ်လုံးလေးရယ်..အရှက်သည်းနေတဲ့မျက်နှာလေးရယ်..ပြီးရင် တုန်ရီနေတဲ့ "

"တော်..တော်တော့ "

လက်ဖဝါးနှစ်ဖက်လုံးဖြင့် ပါးစပ်ကို ပိတ်လိုက်တာတောင် ဝမ်ရိပေါ်က ဝူးဝူးဝါးဝါးနဲ့ ရေရွတ်နေတုန်းပင်။

"မင်းအဲ့လို ရှက်စရာစကားတွေဆက်မပြောလို့မရဘူးလား "

ဝမ်ရိပေါ်က ရှောင်ကျန့်လက်တွေကိုဖယ်ရှားကာ
"စကားမပြောတော့ဘူး..အလုပ်နဲ့သက်သေပြမယ် "

Young prey(Completed)Место, где живут истории. Откройте их для себя