၂၂.အထိန်းတော်အလှလေးက အတင်းအကြပ်ခေါ်ယူမှရသည်

5.6K 635 54
                                    

Unicode

ဝမ်ရိပေါ်က ရှောင်ကျန့်ရှိရာစီ သွားမလို့အပြု ဟောက်ရွှမ်းက လက်ဆွဲကာတားလိုက်သည်။

"ဘာလုပ်တာလဲ ဟောက်ရွှမ်း "

"ငါမင်းကိုဝန်ခံစရာရှိတယ် ဝမ်ရိပေါ် "

ဟောက်ရွှမ်းရဲ့ပုံစံသည် အရမ်းကို စိတ်လှုပ်ရှားနေသည့်ပုံပင်။သူသည်စိတ်လှုပ်ရှား၍လား၊သူဖုံးကွယ်ထားခဲ့သည်ကို အပြစ်တင်မိသွား၍လားမသိ သူ့မျက်ဝန်းများက ဝမ်ရိပေါ်ကိုတောင်စေ့စေ့ကြည့်မနေတော့ပါ။ဒါက ဝမ်ရိပေါ်အတွက်အလွန်ကြီးမားသောကိစ္စတစ်ခုဖြစ်ပြီး သူကထိုကိစ္စကြီးကို သိနေလျက်နဲ့ဖုံးကွယ်ထားမိသည့်တစ်ဦးတည်းသောသူပင်။ထို့အပြင် ဝမ်ရိပေါ်ကနန်းတွင်းထဲမှာ သူ့တစ်ယောက်ထဲကိုသာယုံကြည်ပေးခဲ့တာ။သူကတော့ အမှန်ကိုဖုံးကွယ်ထားခဲ့မိသည်။

*ရှောင်ကျန့်က နတ်ဆိုရင် သေချာတယ်..အဲ့တုန်းက တစ်ယောက်ပဲ..ဒါဆိုရင် ကလေး..လုံဝေဆိုတာက ဝမ်ရိပေါ်ရဲ့ကလေး..အဲ့တုန်းက ကလေးပါသွားခဲ့တာပေါ့ *

ဒါပေမဲ့ ဝမ်ရိပေါ်က ဟောက်ရွှမ်းရဲ့ဖွင့်ဟဝန်ခံချက်ထက် ရှောင်ကျန့်ကိုတွေ့ရဖို့အရေးသာ လောနေ၏။အစကတည်းက ဟောက်ရွှမ်းတစ်ခုခုကို သူ့ထံမှဖုံးကွယ်ထားသည်မှန်းသိရှိပြီးသားပင်။တစ်နေ့နေ့မှာတော့ အမှန်အတိုင်းဖွင့်ပြောလာမည်ဟုယုံကြည်ပြီး လွတ်ထားခဲ့တာ။

"မင်းနောက်မှပြောလို့မရဘူးလား "

"မင်းအလှလေးနဲ့ ပက်သက်တယ်..သူ့သွားမတွေ့ခင် ပြောပြမှဖြစ်မှာ ဝမ်ရိပေါ်..ပြီးတော့ ဒါလေးပေးချင်တယ်..အစကတည်းကမင်းဟာဆိုပေမဲ့ ငါယူသိမ်းထားခဲ့မိတာ "

ဝမ်ရိပေါ်ဟာ သူ့ကိုကမ်းပေးလာတဲ့ ရွှေရောင်မျက်နှာဖုံးလေးကိုယူလိုက်ကာ ဝမ်ရိပေါ်က ဒါကဘာလဲဟူသောသဘောနှင့် မှေးဆတ်ပြသည်။

"ငါပြောတာကို နားထောင်ပေး ဝမ်ရိပေါ်..မင်းနောင်တမရစေရဘူး "

"မင်းပြောမှာက ငါမသိတဲ့အကြောင်းအရာလား "

"မဟုတ်ဘူး..မင်းမေ့နေတဲ့အကြောင်းအရာ..အဲ့အကြောင်းအရာထဲမှာ မင်းရဲ့အလှလေးအကြောင်းလည်းပါတယ် "

Young prey(Completed)Donde viven las historias. Descúbrelo ahora