၂.မသိလိုက်ခင် နမ်းရှိုက်ခံရမှုနဲ့ အလိုမတူခိုးပြေးခံရမှု

15.8K 1.2K 69
                                    

Unicode

ရှောင်ကျန့်က ကုတင်ပေါ်တွင်ထိုင်နေလျက် စောင်ကိုခြေထောက်လုံအောင်သေချာခြုံလိုက်သည်။ပြီးတော့ အဝတ်​သေတ္တာအရှေ့တွင် သူ့အဝတ်များကိုခေါက်ထည့်ပေးနေသော အာထုံကိုတစ်ချက်ကြည့်မိလိုက်သည်။

"အာထုံ.. နှိပ်တဲ့နေရာမှာ မင်းအရမ်းတိုးတတ်လာပြီ ဒီနေ့နှိပ်တာမဆိုးဘူး "

"ဗျာ..သခင်လေး ကျွန်တော် ဘယ်တုန်းက "

"ဒုတ်! "

သူတို့အနောက်တစ်နေရာမှ ပစ္စည်းတစ်ခုကျသွားတာကြောင့် အာထုံကသွားကောက်လိုက်သည်။သူဟာ လေလည်းမတိုက်ပါဘဲ ယခုကဲ့သို့ပစ္စည်းတစ်ခုကျသွာခြင်းကြောင့် တစ်ကောင်ကောင်တိုက်သွားသည်ဟုထင်ကာ ပတ်ပတ်လည်တွင် တိရစ္ဆာန်အကောင်ငယ်လေးတစ်ကောင်ကောင်များ ရှိလိုရှိငြားလိုက်ရှာကြည့်၏။

သူတို့သာဝမ်ရိပေါ်ကိုမြင်ရခဲ့ရင် လန့်သွားမှာအသေအချာပဲ။
ဘာလို့ဆို ဝမ်ရိပေါ်ရဲ့မျက်နှာသည် ရှောင်ကျန့်မျက်နှာနှင့် အနည်းငယ်အကွာအဝေးတွင်သာရှိတော့သည်။မမြင်ရဘူးဆိုတိုင်း ဝမ်ရိပေါ်က အနီးကပ်တစ်စိမ့်စိမ့်ကြည့်ရှုနေခြင်းဖြစ်သည်။

"ငါအိပ်တော့မယ်..မင်းလည်းသွားနားတော့"

အစေခံလေး အာထုံဟာတံခါးပိတ်ခဲ့ပြီးထွက်သွားတာနဲ့ ရှောင်ကျန့်ကသူ့အိပ်ရာထက်မှာ လှဲအိပ်လေသည်။ရှောင်ကျန့်ရဲ့ဘေးနားမှာတော့ နထင်ကိုလက်ဖနောင့်ဖြင့်ထောက်ထားလျက် ဝမ်ရိပေါ်က ဘေးတစ်စောင်းရှုစားနေသည်။

အိပ်သွားပြီထင်တာကြောင့် ဖြူနုနေသောပါးလေးပေါ်ကို လက်ညိုးကွေးလေးနှင့်သပ်မိသည်က မအိပ်သေးတဲ့ရှောင်ကျန့်ကို လန့်သွားစေဖို့ သူမမျှော်လင့်ခဲ့ပါ။

"ဘယ်..ဘယ်သူလဲ!!"

ရှောင်ကျန့်က သူ့ရင်ဘတ်ပေါ်ကစောင်ကို ဆွဲယူလိုက်ကာ ထိတွေ့ခံလိုက်ရသော ပါးကိုပါကိုင်လိုက်မိသည်။သေချာပေါက်ကို သူထိတွေ့ခံလိုက်ရသည်ကို ခံစားမိသည်။တစ်ယောက်ယောက်က သူအိပ်နေတုန်းပါးကိုလာပွတ်သပ်နေသည်ကိုတော့ ရှောင်ကျန့်သိနေခဲ့သည်။

Young prey(Completed)Donde viven las historias. Descúbrelo ahora