၅.အတိတ်မေ့ဆေးလုံးကြောင့် မိသားစုမှသူစိမ်းအဖြစ်သို့

10K 934 39
                                    

Unicode

အခန်းထဲရောက်၍ ကုတင်ပေါ်ချပေးပြီးသည်နှင့် ရှောင်ကျန့်ကအနားရှိ စောင်ကိုဆွဲယူသည်။အေးလွန်းလို့ ခိုက်တုန်နေတဲ့ ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်ကပဲ စောင်နဲ့ပိုက်ထွေးပေးလိုက်ကာ စောင်ပုံကြားမှာခေါင်းပဲဖော်စေသည်။

"အေးတယ်..နတ်ဆိုးကြီး..ကျွန်တော်အရမ်းအေးတယ်... အင်းးး"

ပါးကိုလက်ဖဝါးတွေကြားထဲထည့်မိတော့ ရှောင်ကျန့်ကအဖျားတတ်နေသူပမာ မှေးတွေပါတုန်နေပြီဖြစ်သည်။

ရှောင်ကျန့်သည် သူ့ပါးကိုထိတွေ့လာတဲ့ ဝမ်ရိပေါ်ရဲ့လက်ဖဝါးကျယ်ကြီးကို အရမ်းနွေးထွေးကာ သက်သောင့်သက်သာရှိသည်ဟု ခံစားမိသည်။ထို့ကြောင့် ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲယူကာ သူ့ပါးပြင်နဲ့ပူးကပ်လိုက်ပြီး လည်ပင်းအသားများနဲ့ပါ ပွတ်သပ်လို့နေ၏။

"ခင်ဗျားလက်တွေက ဘာလို့အရမ်းနွေးနေရတာလဲ..အရမ်းနွေးတယ် "

ရှောင်ကျန့်ရဲ့ယခုလိုဖြစ်နေတဲ့ပုံစံလေးသည် ဝမ်ရိပေါ်ကို စိုးရိမ်နေသည့်ကြားမှ သဘောကျသွားစေရသည်။

"ကိုယ့်ခန္ဓာကိုယ်ထဲမှာ မီးဓာတ်ရှိတယ်လေ"

"နွေးတယ် အရမ်းနွေးတယ် "

ဝမ်ရိပေါ်က နတ်ဆိုးအားလုံးထဲမှာ မီးဓာတ်ကိုပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော နတ်ဆိုးဖြစ်တာကြောင့် သူ့ကိုယ်ခန္ဓာကအမြဲနွေးနေတတ်သည်။ရှောင်ကျန့်က သူ့ပါးကို ဝမ်ရိပေါ်လက်ဖဝါးများဖြင့် ကြောင်ပေါက်လေးတစ်ကောင်လိုပွတ်သပ်ပြီးသည်နှင့် ငိုပွဲဆင်ပါလေရော။

"အင့်..အဲ့တာခင်ဗျားကြောင့်..ခင်ဗျားသာ ဒီနေရာကိုမခေါ်လာရင် ဖြစ်မှာမဟုတ်ဘူး..ခင်ဗျားမကောင်းတာ..ခင်ဗျားကြောင့်..ခင်ဗျားကြောင့်.. မကောင်းတဲ့သူကြီးရဲ့ "

စောင်ပုံကြားမှ လက်တစ်ဖက်ကိုထုတ်ကာ လက်သီးစုပ်လျက် ဝမ်ရိပေါ်ရဲ့ရင်ဘတ်တွေကို ရှောင်ကျန့်က အပြစ်စကားဆိုရင်း ထုရိုက်သည်။နှင်းပင့်ကူအဆိပ်မိထား၍ အားနည်းနေလို့ ရှောင်ကျန့်ရဲ့လက်သီးချက်များက ဝမ်ရိပေါ်ကိုထိရောက်ပုံမပေါ်ပေ။

Young prey(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ