Unicode
လော့ဇီဖေးပြောတဲ့ စကားသံများသည် တိုးညှင်းလှတာကြောင့် ဘေးမှ စုန့်ကျိရန်ပင် မကြားရပါ။
ပေါက်စီလေးသည်လည်း တစ်ဖြည်းဖြည်း လူရွယ်လေးဖြစ်လာခဲ့ကာ သူ့လက်ထဲမှာတော့ အသက်မဲ့နေသော နတ်ခန္ဓာကိုယ်တစ်ခု။
"ကျွန်တော် ဒီလိုတွေမဖြစ်စေချင်ခဲ့ဘူး..ဒါပေမဲ့ ရှေ့ဖြစ်ဟောမှာ ပါပြီးသားပဲမို့..တောင်းပန်ပါတယ် "
လဲကျနေတဲ့ရှောင်ကျန့်ဟာ ဝမ်ရိပေါ်ရဲ့ထွေးပိုက်ထားသော လက်မောင်းများကြားထဲမှာ လဲလျောင်းလျက် သားဖြစ်သူကိုကြည့်နေ၏။
သူတစ်ချိန်လုံး တူလေးလို့ထင်ထားခဲ့တဲ့ ကလေးလေးက သူ့သားလေးဖြစ်နေတာလား။ဒါဆို သူ့သားလေးက သူ့ကိုစိတ်ဆိုးပြီး ဥပက္ခာပြုထားတာမဟုတ်ဘဲ သူ့အနားမှာ အချိန်ပြည့်ရှိနေတာပေါ့။သူသတိပြန်စရကတည်းက အခုအချိန်အထိ တစ်ခါမှအနားမှာမခွာဘဲရှိပေးနေခဲ့သည်။
ဝမ်ရိပေါ်တို့နဲ့ စုန့်ကျိရန်တို့ကြားမှ အကောင်ကြီးကတော့ ရိုးရိုးရေနွယ်ရှင်အသေများအဖြစ်ပြောင်းကာ သေသွားခဲ့ပြီဖြစ်ပေမဲ့ ရှောင်ကျန့်ဟာ အစွမ်းလုံးဝမရှိတော့သည့်အပြင် သူအရမ်းပင်ပန်းနေပြီဖြစ်သည်။
လူဝင်စားရာကနေပြန်လာပြီး အစွမ်းမတည်ငြိမ်သေးခင်မှာ အစွမ်းအကုန်ထုတ်သုံးမိတဲ့အတွက် သူ့ဝိညာဉ်က တစ်ဖြည်းဖြည်းအေးခဲလာခဲ့၏။
"အလှလေး..!!"
"ရိ..ရိပေါ်..ငါ..အရမ်း ချမ်းတယ်..ငါ့ကိုဖက်ထားပေးပါ "
"အင်း..အင်း..ကိုယ်မီးဓာတ်ကူးပြောင်းပေးမယ်နော်..အလှလေးဘာမှမဖြစ်တော့ဘူး "
"ငါ့..သားလေးကို.. ခေါ်ပေးပါ "
သူပြောနေချိန်မှာပဲ ရှောင်ကျန့်တို့အနီး လုံဝေတို့ရောက်လာခဲ့သည်။
"တောင်းပန်ပါတယ်..ရှေ့ဖြစ်ဟောကို ပြောင်းလဲလို့မရလို့ပါ..ဒါတွေကို လုံးဝမဖြစ်စေချင်ခဲ့ဘူး..ကျွန်တော်က မယ်တော့်ကိုသတိပဲပြန်ရစေချင်ခဲ့တာ "
"မင်း...အရမ်းဆိုးတာပဲ..မင်းကိုငါ ဘယ်လိုဆူရမလဲတောင်မသိတော့ဘူး "
ŞİMDİ OKUDUĞUN
Young prey(Completed)
Hayran KurguYizhan fanfic ပါ။ရိပေါ်က နတ်ဆိုးတစ်ပါးဆိုတော့ အလှလေးရှောင်ကျန့်ကို ဘယ်လိုသိမ်းပိုက်မလဲ။ရှောင်ကျန့်ကအရမ်းကြောက်တတ်တော့ နုနုယွယွနဲ့ဘယ်လိုသိမ်းပိုက်မလဲ ဖတ်သာကြည့်ကြတော့နော်။