သိပ်ပြီးချမ်းသာတဲ့သူမဟုတ်ပေမဲ့ တိုက်နဲ့ကားနဲ့နေနိုင်သုံးနိုင်တဲ့ လူလတ်တန်းစားမျိုးရိုးဖြစ်တဲ့မိသားစုအိမ်လေးထဲမှကောင်လေးတစ်ယောက်ရဲ့အသံကတော့ ကျယ်လောင်စွာကြားနေရသည်။အကြောင်းကတော့
JM:''အမေ သားစာအုပ်တွေရောလို့သားစာအုပ်တွေကိုသားဘယ်လောက်မြတ်နိုးတယ်ဆိုတာသိသားနဲ့အမေကလဲဗျာ ဘယ်မှာလဲလို့''
JM's mom:''ဟဲ့ နင့်စာအုပ်စင်ကစာအုပ်တွေကနင်အထက်တန်းထဲကထားထားတာအေ ဒီလောက်ဖုန်တွေတက်နေတာ အသုံးလိုမယ့်သူတွေကိုပေးလိုက်တာဘာဖြစ်လို့လဲအေ။ကိုယ်လဲအသုံးမလိုတာကို ကလေးတွေလိုရင်လိုမှာပေါ့ ကလေးမဆန်စမ်းနဲ့ Uniကျောင်းသားပဲဖြစ်နေပြီ။''
Jiminတစ်ယောက်ဆက်ပြောရင်မောမယ်ဆိုတာသိတာကြောင့် ဘာမှမပြောတော့ပဲ မီးဖိုချောင်ထဲ၀င်ပြီးစားစရာတစ်ခုခုရှာနေသည်။
JM'pov:ဗိုက်ကလဲခုနတင်ထမင်းစားထားတာကို ဆာဆာနိုင်လွန်းတယ်ကွာ။ထိုစဥ်Jiminညီမ Jiyoonရောက်လာသည်။
JY:''ဟွန့် ဒီလောက်စားနေမှတော့ဒီခန္ဓာကိုယ်နဲ့ဒီရုပ်ကပြောင်းလာပါအုံးမလား Uniကိုဒီပုံနဲ့သွားရင်တော့အရှက်တော့ကွဲမှာသေချာတယ်။''
JM's mom:''မိjiyoon!!!!!!!!!!''
JY:''မားကလဲ မီးကစတာကို''။
JMဘာမှမပြောဘဲမျက်ရည်၀ိုင်းပြီးမီးဖိုချောင်ထဲကသာထွက်သွားသည်။မှန်ပါသည်။ဘယ်လောက်စားစားမဝနိုင်တာစိတ်ပဲရှိပေမဲ့ အများအမြင်မှာတော့သူဟာအ၀လွန်နေသူတစ်ယောက်သာ။ဘယ်နေရာကြည့်ကြည့်မလှမပ အချိုးမပြေသူတစ်ယောက်။Jiminတစ်ယောက်ကိုယ့်ပုံကိုမှန်ထဲပြန်ကြည့်ပြီး ဟက်ခနဲရီလိုက်သည်။ရီရလွန်းလို့မျက်ရည်တောင်ကျနေရရောလား
ဘာပဲဖြစ်ဖြစ်မနက်ဖန်Uni lifeမှာရောထပ်ပြီးအနှိမ်ခံရအုံးမှာလားလို့တွေးရင်းသာ။
× × × × × × × × × × × ×
တစ်ဖက်မှတော့ထိုကောင်လေးနဲ့မတူ ဆန့်ကျင့်ဘက် အထက်တန်းထဲက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ဦး။အပြင်သွားဖို့ပြင်ဆင်နေတာ2နာရီရှိတော့မယ်။အကျင်္ီတစ်ထည်ထုတ်လိုက်ကိုယ်နဲ့ကပ်ကြည့်လိုက် ပြန်ချလိုက်လုပ်နေသူကို Hoseokစိတ်မရှည်တော့။
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်