အခုတလောJeon Jungkook အချိုးတွေကပြောင်းနေသည်။ကိုယ့်အပေါ်တော့မဟုတ် ကိုယ့်ညီမအပေါ်။မင်းဘာအကွက်တွေရွှေ့နေလဲကွာ။
ဟူးးးးးး
သက်ပြင်းချသံကြီးကြားတော့ Jiyoonကကြည့်တယ်။အစထဲက ခနခနလှမ်းလှမ်းကြည့်တာ သူရိပ်မိပါတယ်။
''Park Jiyoon ငါ့ကိုခိုးကြည့်မနေဘဲ ပြောစရာရှိတာပြော ညီမလေးရေ''
''ဟီးးး ကိုကိုကလဲ သိနေတာလား''
''ငါနင့်အကိုပါ။ပြောဘာဖြစ်နေတာလဲ''
''ဟိုလေ...''
''အင်း ပြောလေ''
''ဟို..''
ရုတ်တရက်ဖုန်းလာသောကြောင့် Jiyoonကိုင်လိုက်သည်။
''ကိုကို ညီမလေးအပြင်ခနသွားလိုက်အုံးမယ်''
''ရားးးး ငါကတစ်ခါတစ်လေအိမ်လာလည်ရတာကို''
''ကိုကိုကလဲ အရေးကြီးတဲ့သူနဲ့သွားတွေ့မို့ပေါ့''
''ဟမ် ဘယ်သူလဲရည်းစားလား''
''ဟုတ်သေးပါဘူးသွားပြီကိုကိုရာ''
ဟင် ဒီကောင်မလေးဘာတွေရှုပ်နေတာလဲ။
ထိုစဥ်သွားခံနီးပြောလိုက်သောစကားတစ်ခွန်းကြောင့် jimin ခေတ္တခနငြိမ်သက်သွားမိသည်။''ကိုကိုတို့ရဲ့CEO Jeon Jungkookကတော်တော်ချောတာနော် Boy friend typeကြီး''
ဒါဆိုသူနဲ့Jungkookနဲ့ကဘာတွေလဲ။ဟင့်အင်း မဖြစ်ရဘူး။သူကငါ့ညီမကိုအသုံးချမှာ မဖြစ်ရဘူး။Jungkook
မလုပ်ပါနဲ့တော့။× × × × × × ×
''ကတ်''
''jimin အရမ်းတော်တယ်ဟေ့''
''ကျေးဇူးပါဒါရိုက်တာကြီး''
Jimin ရုပ်ရှင်ရိုက်ပြီး ခနနားနေတုံး Jungkookကိုတွေ့လိုက်ရလို့ ဒေါသကတော့ထောင်းခနဲထွက်သွားသည်။
ရိုက်ကွင်းထိဘာလာလုပ်တာလဲ။
''Park jimin..shooting ပြီးပြီလား''
''ခနနားနေတာမမြင်ဘူးလား မပြီးသေးဘူး။ညနေမှပြီးမှာ မင်းစောင့်နိုင်ရင်စောင့်ပေါ့''
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်