''မတွေ့ရတာကြာပြီနော်အမကြီး''
တစ်ချိန်ကမောင်လေးတစ်ယောက်လိုခင်မင်ရင်းနှီးဖူးတဲ့သူနဲ့ အချိန်တော်ကြာမှ တွေ့လိုက်ရတော့ အံသြတာတစ်မျိုး ၀မ်းသာတာတစ်ဖုံ ယောကျာ်းဖြစ်သူကိုသတိရတာနဲ့၀မ်းနည်းတာကတစ်ဖုံ ဖြစ်လာရသည်။
''အေးး အေး ထိုင်ပါအုံး မတွေ့ရတာနှစ်တွေအများကြီးကြာပြီပဲ အေးအေးဆေးဆေးစကား..''
''ကျွန်တော် အေးအေးဆေးဆေးစကားပြောဖို့လာခဲ့တာမဟုတ်ဘူးအမကြီး''
စကားမဆုံးခင်ဖြတ်ပြောလိုက်သောစကားကြောင့် Jiminအမေ ကြောင်တော့ကြောင်သွားသည်။
ဘာဆက်ပြောမလဲသာဆက်နားထောင်နေလိုက်သည်။''ကျွန်တော်လာလည်တာကောင်းသောလာခြင်းတော့မဟုဘူးအမကြီး။ အမကြီးတို့ ကျွန်တော့်အပေါ်ကျေးဇူးရှိတာမှန်တယ် အမကြီး။အဲ့ကျေးဇူးတွေနဲ့ပဲ ကျွန်တော်ဒီအခြေနေရောက်လာခဲ့တာပါ။ဒါပေမဲ့ အဲ့ကျေးဇူးတွေကို သားသမီးချင်း ဆပ်ရမယ်လို့ဆိုလိုတာမဟုပါဘူး''
''နင်ဘာကိုပြောချင်တာလဲWoobin''
''ကျွန်တော်လိုရင်းပဲပြောတော့မယ်။ကျွန်တော့်သားက အမကြီးသားကိုစိတ်၀င်စားနေပုံရတယ်။လူငယ်ချင်းစိတ်၀င်စားတာကပြဿနာမဟုပေမဲ့ ပြဿနာက ယောကျာ်းလေးဖြစ်နေတာပဲ။အမကြီးလဲကျွန်တော်ဆိုလိုတာကိုသဘောပေါက်မှာပါ။ဘာကိစ္စမှကြီးကြီးမားမားမဖြစ်ခင် ကျွန်တော်လဲကျွန်တော့်သားကို ထိန်းမှာမို့ အမကြီးလဲအမသားကိုထိန်းပါ''
''နင် နင် ရီရလိုက်တာ woobinရယ် စိတ်၀င်စားတာကနင့်သားလေ။နင့်သားနင်ထိန်းရမှာလေ ဘာလို့ ငါ့ကို''
''ဒါဆို!!''
သြဇာအောင်သည့်အသံဖြင့်အော်လိုက်သောကြောင့်အသံကြီးကဟိန်းထွက်သွားသည်။
''ဒါဆို ကျွန်တော်က အမကြီးသားဆီတိုက်ရိုက်သွားပြောရမှာလား!''
''နင်''
''သားဖြစ်သူကအခုမှနာမည်ရကာစလေး။ပြီးတော့ အမကြီး အမသားရဲ့လျှို့၀ှက်ချက်ကိုကျွန်တော်သိထားတယ်။အဲ့လျို့၀ှက်ချက်ကိုသာ လူတွေသိသွားရင်.. ဟားးး နာမည်ကဟိုးးအောက်ဆုံးထိ''
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်