ပြဿနာဖြစ်ပြီးအခန်းထဲမှာ အိပ်လိုက်တာ ညနေ6နာရီမှနိုးသည်။ငိုထားတဲ့အရှိန်နဲ့မို့ လူတစ်ကိုယ်လုံးလဲနုံးချိနေပြီဖြစ်သည်။ဘာမှမစားရဘဲငိုနေတော့ ဗိုက်ကလဲဆာနေပြီလေ။
ဗိုက်ဆာဆာနှင့်ထမင်းစားခန်းထဲ၀င်သွားတော့ ထမင်းစားပွဲပေါ်မှာ စာရွက်လေးတစ်ရွက် အုပ်ဆောင်းကိုဖွင့်ကြည့်တော့ ထမင်းဟင်းပြင်ပေးသွားတာပဲ။
~တစ်နေ့လုံးငိုထားတာဆိုတော့ အကိုက်ခဲပျောက်ဆေးလေးသောက်အိပ်နော် ။အစာစားပြီးမှဆေးသောက်။ကိုယ်အရေးကြီးကိစ္စရှိလို့ပြန်နှင့်ပြီ Min~~
''ဟက် အရူးကောင် အဆုံးထိငါ့ကိုတောင်းပန်တယ်ပြောမသွားဘူး''
ထိုမျှသာပြောပြီး Jungkook ပြင်ပေးသွားတဲ့ထမင်းကိုသာစားနေလိုက်တော့သည်။မုန်းတာကနောက်မှ ဗိုက်ဆာတာကအရင်မလား။ဗိုက်အရင်ဖြည့်ရမည်လေ။
× × × × × × × ×
မရောက်တာကြာပြီဖြစ်သော ခြံ၀န်းနဲ့အိမ်ကိုကြည့်ပြီးသက်ပြင်းချမိသည်။ဖခင်ဖြစ်သူကခေါ်သည်ဆိုသောကြောင့် လာခဲ့ခြင်းဖြစ်သည်။''သား Jungkook ''
''ခနလေးအမေ အဖေ့ လေသံကအရေးကြီးနေတဲ့အသံ
ကျွန်တော်တော့ကွိုင်မိတော့မယ်ထင်တယ်'''Jeon Jungkook!!!''
အခန်းတံခါးခေါက်ပြီး၀င်၀င်ခြင်း စာအိတ်တစ်ခုနဲ့ပစ်ပေါက်ခံလိုက်ရသည်။
''မင်းကိုငါဘာမှမပြောတိုင်းလုပ်ချင်တာလုပ်လို့ပြောလိုက်တာမဟုဘူးJeon Jungkook!''
ပြန့်ကျဲနေတဲ့စာရွက်တွေနဲ့ဓာတ်ပုံတွေကိုကြည့်တော့Minနဲ့သူ့ရဲ့ပုံတွေ။
စိုးရိမ်သွားပေမဲ့ အမူအရာမသိသာစေလိုသောကြောင့်
''အဲ့တာဘာများထူးဆန်းနေလို့လဲ''
''ဘာများထူးဆန်းနေလို့လဲဟုတ်လား။မင်းဘာမှမသိဘူးလား။တက်သစ်စမင်းသားနဲ့ ပိုင်ရှင်သူေဋ္ဌးနဲ့ကဘာလိုလိုဆိုပြီးသတင်းထွက်နေတာ ''
''အော် အဖေရယ် ဒါတွေကဒီလောကမှာဆန်းမှမဆန်း တာ ကောလဟလတွေကို အကျယ်ချဲ့ပြောနေတာ အဖေကရောယုံတာပဲလား''
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်