Jiminတောင်Entကစီစဥ်ပေးတဲ့တိုက်ခန်းကိုပြောင်းနေလာတာ၂ရက်တောင်ရှိပြီ။အခြေနေကတော့တိုးတက်လာလားဆိုတော့လဲသူကိုယ်တိုင်ပင်မပြောတတ်။Jungkookကသိပ်ဟန်ဆောင်ကောင်းတာပဲလား။သွေးအေးလွန်းတာပဲလားတော့မပြောတတ်ပေ။
Jiminညအိပ်တော့မယ့်အချိန်မှာဖုန်းသံမြည်လာလို့
ဒီချိန်ကြီးဘယ်သူဆက်တာလဲလို့တောင်တွေးနေမိသေးတယ်။''ဟယ်လို..Seokjin Hyung ဘာကိစ္စရှိလို့လဲဟင်''
Seokjin Hyungကအောက်ခနဆင်းခဲ့ဖို့သာပြောတာကြောင့်အောက်ထပ်သာဆင်းလာခဲ့တော့သည်။ရာသီဥတုကလဲအေးစပြုနေပြီဆိုတော့ ရုတ်တရက်ထွက်လာရသောJiminမှာ အကျင်္ီအပါးလေးနဲ့။
''Hyung! ဘာဖြစ်လို့လဲဟင်အရေးကြီးကိစ္စရှိလို့လား။ဒီချိန်ကြီး''
''အင်းးJiminတို့ကတော့လုပ်ပြီ။အရေးကြီးကိစ္စရှိမှလာရမှာလား။Hyung dutyကခုနမှပြီးတာ အဲ့တာမပြန်ခင် တစ်စုံတစ်ယောက်ကိုလွမ်းလို့အရင်လာတွေ့တာ''
Seokjinစကားကြောင့်Jiminခဗျာပါးလေးတွေရော နားလေးတွေပါရဲလာရသည်။
''အားးအေးလိုက်တာနော်။Hyung ပြန်တော့လေ Night dutyတွေ၀င်ထားရတာဆိုတော့ အိပ်ချင်မှာပေါ့ နောက်နေ့လဲတွေ့ရမှာပဲကို''
''အင်းပါ ကြည့်...အေးမှာပေါ့ အကျင်္ီအပါးလေးနဲ့''
ထို့သို့ပြောပြီး သူ့လည်ပင်းထက်ကမာဖလာလေးဖြည်ပြီး Jiminကိုပတ်ပေးလိုက်သည်။
''မြန်မြန်၀င်တော့အေးတယ်''
''Hyung အရင်..''
''ကျစ်..စကားများတဲ့ကလေး အရင်၀င်ပါဆို''
''ဟုတ်သွားပြီနော်''
Jiminတိုက်ပေါ်ပြန်တက်သွားတော့မှSeokjinလဲကားပေါ်တက်ပြီးမောင်းသွားတော့သည်။ထိုမြင်ကွင်းကိုအစဆုံးမြင်လိုက်တဲ့ကားပေါ်မှမျက်ရည်၀ိုင်းနေတဲ့ကောင်လေးတစ်ယောက်လဲရှိခဲ့ပါသည်။
Jungkookလဲထိုလူသားလေးကိုတွေ့ချင်လွန်းသောကြောင့်ညကြီးချိန်မတော်ထွက်လာမိပါတယ်။အလုပ်ရှင်ဆိုတဲ့အာဏာကြောင့် လာတွေ့တယ်ဖြစ်မှာဆိုးလို့ သွားရမလားမသွားရမလားတော်တော်စဥ်းစားပြီးမှထွက်လာခဲ့ရသည်။မြင်လိုက်ရတဲ့မြင်ကွင်းကရင်ကိုဆို့နင့်စေသည်။ပြုံးနေတယ်။ရယ်နေတယ်။ဘာတွေဘယ်လောက်တောင်ပြောနေကြလို့ ရယ်နေတာပါလိမ့်။တစ်ခုခု ကောင်လေးရဲ့လည်ပင်းကိုပတ်ပေးနေတာမြင်တော့ လက်တွေက ကားစီယာတိုင်ကို တင်းကျပ်စွာကိုင်ထားမိသည်။
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်