သရုပ်ဆောင်ပြီးလို့အခန်းထဲထွက်လာတော့ညီမဖြစ်သူမှအခြေနေလှမ်းမေးရာ ပခုံးသာတွန့်ပြလိုက်သည်။အပြင်ကသာဘာမှမဖြစ်သလိုနေနေပေမဲ့ စိတ်ထဲမှာတော့ငါအောင်မှဖြစ်မယ်Jungkook.ငါအောင်မှဖြစ်မယ်တဲ့။
Jungkookအိမ်ပြန်ရောက်တဲ့ထိ မနက်ကတွေ့ခဲ့တဲ့လူသားလေးရဲ့အကြောင်းကိုတွေးနေတုန်းပင်ဖြစ်သည်။လှတယ်။လှတယ်ဆိုတာထက်တောင်ပိုတယ်။မျက်၀န်းမှေးမှေးတွေ။နှုတ်ခမ်းထူထူလေးနဲ့ စကားပြောနေရင်းဆံပင်ကိုခနခနသပ်တတ်တာကိုတွေ့ရင်းနဲ့ လက်သေးသေးလေးတွေကိုပါတဖန်တွေ့လိုက်ရတဲ့လက်လေးတွေ။ဒါမဲ့ဘာလို့ ဟိုတစ်ယောက်နဲ့တူနေတယ်လို့ခံစားနေရတာလဲ။
''အားးးးအရှုပ်ထုတ်ပဲ။မင်းကဘာလို့ပြန်ပါလာရတာလဲ''
ခေါင်းကိုကုတ်ပြီးမနက်ကလူသားလေးအကြောင်းပြန်ပြန်တွေးတိုင်း သူမမြင်ချင်ဆုံးသူရဲ့ပုံရိပ်ကပေါ်ပေါ်လာနေတယ်။ဒီညတော့ ညတာတော့ရှည်တော့မယ်ထင်တယ်။
× × × × × × × × × ×
မြည်လာသောဖုန်းနဲ့အတူ နိုးလာသောJimin.''ကျစ် အိပ်ချင်သေးပါတယ်ဆိုနေမှကွာ ဘယ်သူ့ဖုန်းလဲကွ''
''ဟယ်လို!!''
အိပ်နေတာကိုနှောင့်ယှက်လို့ဆိုပြီးဒေါသထွက်ကာဆူဆောင့်ပြီးပြောလိုက်ပေမယ့် တစ်ဖက်ကဖုန်းသံကြောင့် နှုတ်ခမ်းကွေးတက်ပြီးပြုံးနေသည်ကိုကြည့်ခြင်းအားဖြင့်သတင်းကောင်းတော့ဖြစ်လိမ့်မည်ထင်သည်။
''ဟုတ်ဟုတ်ကဲ့ကျေးဇူးပါအမ ဟု''
''ဟေးးးးးဟုတ်ပြီကွ မိjiyoon အမေ''
အပေါ်ထပ်ကနေအော်သံကြားတော့ မီးဖိုချောင်ထဲကနေအလန့်တကြားပြေးလာသောအမေနှင့် အခန်းထဲမှအိပ်မှုန်စုံဖွားထွက်လာသောညီမဖြစ်သူ။
''သား သား interviewအောင်တယ်တဲ့အမေ''
ဒီတစ်ခါမျက်လုံးပြူးသွားတာကညီမဖြစ်သူ။မှန်သည်လေ သူသွားဖြေတုန်းကတော့မအောင်ဘဲ သူ့အကိုကျအောင်တော့ မိန်းကလေးပီပီ ရွှေစိတ်တော်ကညှိုးရသေးသည်။
''အဟီးးးဟီးး ကိုကိုကျတော့အောင်ပြီးညီမလေးကျတော့ဘာလို့မအောင်တာလဲ''
YOU ARE READING
Although far away(complete)
Romanceတစ်ခါတစ်လေခါးသီးလွန်းတဲ့အမုန်းတွေဟာသိပ်ကြောက်ဖို့ကောင်းသလို ချိုမြိန်လွန်းတဲ့အချစ်တွေလဲသိပ်ကြောက်ဖို့ကောင်းတယ်