ep17

2.3K 209 48
                                    

For Zawgyi

"တင်!"

အချိန်ပြည့်သွား၍ အချက်ပေးသံမြည်လာသော
မီးဖိုထဲမှ ကွတ်ကီးဗန်းတချို့နဲ့ ကိတ်မုန့်တစ်ချို့ကို
ဆော့ဂျင်သေချာထုတ်ယူလိုက်သည်။

"ပါးပါး ကိတ်အ ပေါ်ကို ချတော်ဘယ်ရီလေးတွေ
တင်မယ်"

အသံလာရာသည်စားပွဲပေါ်မှ ကလေးသေးသေး
လေးဆီမှဖြစ်သည်။
လက်ထဲတွင်စတော်ဘယ်ရီသီးအချို့ကိုင်ထားသောကလေးငယ်သည် ပါးပြင်တွင်ဆော့ဂျင်နဲ့အတူ ဂျုံမှုန့်များပေပွနေသည်။
ရီလိုက်တိုင်းပေါ်လာတတ်သည့် ရှေ့သွားကြီးကြီးလေးနှစ်ချောင်းသည် ကလေးငယ်၏ဒယ်ဒီဖြစ်သူထံမှ လက်ဆောင်ရခြင်းဖြစ်မည်။

နှစ်နှစ်ရှိပြီ.......
ဆော့ဂျင် ဂျောင်ကုဆီမဆက်သွယ်တာ နှစ်နှစ်ရှိခဲ့
ပြီ.
ဆိုလ်းကနေပြောင်းပြီးချစ်ရသူနဲ့စတွေ့ခဲ့တဲ့နေရာ
လေးမှာသာပြန်စောင့်နေမိသည်.

အတိတ်ကအတိတ်ပါပဲလို့ပြောခဲ့ဘူးတယ်.....
ဟိုးတုန်းကအတိတ်တွေဟာလှပလွန်းခဲ့ဘူးတယ်
အခုတော့အတိတ်တွေက အမှိုက်တွေလိုပါပဲ
ချစ်ရပါသော လူဆိုးလေးဟာ မမှတ်မိတော့ဘူးဆိုတဲ့စကားနဲ့ ကျောခိုင်းသွားရက်သည်။

********

"Ceo jeon အသင့်ဖြစ်ပါပြီ"

ဂျောင်ကုနားလည်ဟန်ပြတော့အတွင်းရေးမှူးသည်အလိုက်တသိ တံခါးပြန်ပိတ်ပေးသွားသည်။

ဆေးရုံကဆင်းပြီးထဲက အရင်ကထက်ပိုသွေးအေးလာသည်။အရယ်အပြုံးနည်းလာသည်။မမှတ်မိသေးသောအတိတ်ထဲတွင် နှလုံးသားတစ်စုံပါနှစ်မွန်းသွားပုံရသည်။

"ကို"

ချွဲနွဲ့စွာခေါ်သောအသံသည် ဂျောင်ကုနားထဲကန့်
လန့်ဖြတ်ဝင်သည်။
အတိုအပြတ်နဲ့ ပြင်းလွန်းတဲ့ရေမွှေးနံ့ကြောင့် ဂျောင်ကုမျက်ခုံးများတွန့်ကျိုးသွားသည်။
အဖေ့ရဲ့မျက်နှာပေးခြင်းကြောင့်ထိုမိန်းမသည်တအားလက်ရဲဇက်ရဲနိုင်လွန်းသည်။

"ကို အလုပ်တွေပဲလုပ်နေတယ်.မီယွန်းနဲ့အပြင်သွားရအောင်"

ကောင်မလေးသည် ဂျောင်ကုဘေးရပ်ကာတီတီတာတာပြောနေသည်။

"Hyung'' [ complete ]Where stories live. Discover now