မျက်လုံးများကို အားပြု ကာဖွင့်ကြည့်တော့ ဆီးကြိုနေ
သော မြင်ကွင်းက မျက်နှာကျက်အဖြူ ရောင်.."ငယ်လေး သတိရပြီလား...အဆင်ရောပြောရဲ့လား..
ဘယ်နားနာသေးလဲ''ဘေးက ဆော့ဂျင်တစ်ယောက် ဂျောင်ကုကို စိုးရိမ်
တကြီးမေးနေသည်.
သူ့အား ပြန်မပြောပဲ ကြည့်နေသော ဂျောင်ကုကြောင့်
ဆော့ဂျင် မျက်ရည် ဝဲလာသည်."အာ!!!hyung ဘာလို့ငိုနေတာလဲ''
မျက်တောင်လေး ပုတ်ခက်ပုတ်ခက်လုပ်နေသော ဆော့
ဂျင်ကြောင့် ဂျောင်ကု အလန့်တကြားဖြစ်သွားခြင်းပင်.."ငါ့ကို မမှတ်မိတော့ဘူး ထင်လို့ပေါ့..အဟင့်~~''
ငိုချင်ရင် လက်တို့ဆိုသလို ဝမ်းနည်းနေရသမျှ လူနာ
ဖြစ်တဲ့ ဂျောင်ကုရင်ထဲ ချုံးပွဲချငိုလေသည်.ဂျောင်ကု သူ့ရင်ခွင်ထဲက ဆော့ဂျင်ကိုယ်လေးကို အသာ
ဖက်ထားရင်း မျက်စိထဲ မြင်လာသည်က ထယ်ယောင်း"Hyung...ကျွန်တော်မေ့နေတာ ဘယ်နှရက်ရှိပြီလဲ''
"နှစ်ပတ်ရှိနေပြီ.ငါဘယ်လောက်တောင် စိတ်ပူနေရလဲ
သိရဲ့လား''"ထယ်ယောင်းရော သက်သာလား hyung. ယွန်းဂီ
နဲ့ နမ်ဂျွမ်းက ထယ်ယောင်းဆီမှာလား''ဂျောင်ကု စကားကြောင့် ဆော့ဂျင် ပိုတိုးလို့ငိုလေသည်.
"Tae ကို gigi နဲ့ joon ဂရုစိုက်နေတာမို့ အမြန်နေ
ပြန်ကောင်းအောင်နေနော် kookie''"Hyung ကလဲ...ကျွန်တော်နေကောင်းနေပါပြီ''
"ဘာနေကောင်းတာလဲ တစ်ကိုယ်လုံး ပတ်တီးစည်း
ထားရတာ မံမီလုပ်လို့တောင်ရနေပြီ''ဆော့ဂျင် ဆူပူကာပြောတော့ ဂျောင်ကု ရယ်လေသည်.
ထယ်ယောင်းလဲ အဆင်ပြေတယ်လို့ သူတွေးမိလို့ဖြစ်
မည်။ညနေစောင်းတော့ ဂျောင်ကု အခန်းထဲ ယွန်းဂီနဲ့ နမ်ဂျွန်းဝင်လာသည် .
နှစ်ယောက်လုံး မျက်နှာ မကောင်းသလို ဆော့ဂျင်လဲ
မျက်နှာ မကောင်းပေ။"Yrr...မင်းတို့ နှစ်ယောက်လုံးလာမှတော့ ထယ်ယောင်း တစ်ယောက်ထဲ ဖြစ်နေမှာပေါ့''
VOCÊ ESTÁ LENDO
"Hyung'' [ complete ]
AçãoIn the end..... promises are just words. #Jeon Jungkook #Kim Seokjin