ep 14

1.8K 204 37
                                    

ဂျောင်ကု ဆေးရုံက ဆင်းသည်အထိ ဆော့ဂျင်နဲ့ မျက်နှာ
ခြင်းမဆိုင်ပါ.
ဆော့ဂျင်နဲ့ မဆိုင်ပင်မဲ့ ဒီတစ်ခါဆုံးရှုံးမှု သည် ထယ်
ယောင်းမဟုတ်လား?

မှန်ဘောင်လေးထဲတွင် ခွေးလေးချီကာရယ်မောနေ
သော ထယ်ယောင်းအပြုံးများသည် ဖြူ စင်လွန်းသည်.
"သေချာပေါက် ပြန်ကလဲ့စားချေပေးမယ်.....
ယောင်းလေး''

မိဘများထက်ပိုမို တွယ်တာရပါသော လူသားသည်သူ့
အား ချစ်သည်ဟုဖွင့်ပြောပြီး သူနှင့်ဝေးရာသို့ ထွက်
သွားသည်။
ကိုယ်တိုင်က အစ မကာကွယ်ပေးနိုင်ခဲ့သလို ဟန်ဆောင်ကောင်းသော သူငယ်ချင်းဖြစ်သူ၏ ခံစားချက်များကိုလဲ စောစောနားမလည်ခဲ့ပါ.

"ငါလုပ်တာ မှန်တယ်မလား ''

ဆော့ဂျင်အကြောင်းတွေးမိတော့ မွန်းကြပ်လာသော ရင်
အစုံကြောင့် မျက်ဝန်းများပါ ငွေ့ရည်ဖွဲ့နေသည်။
သိပ်ချစ်သည်...သို့သော်လဲ ဝေးကွာဖို့ကံသာပါသည်.

-----------------------------------------------------
ည အမှောင်ကို အားကိုးပြု ကာ မကောင်းမှုလုပ်ဆောင်
နေကြသော ဂိုထောင်ပျက်နားတွင် ဂျောင်ကုတို့ကား
အနက်လေး တည်ရှိသည်။

သေနတ်များကို ကျည်ဖြည့်ကာ လိုအပ်သည်များကို လုပ်
ဆောင်နေသော သုံးယောက်တွင် အရင်ကလိုပြောင်
ချော်ချော်ပြောတတ်သော ထယ်ယောင်းမပါချေ။

"သတိထားဦ.! ဒီဂိုထောင်က နည်းနည်းကျယ်တယ်''

ယွန်းဂီ အငယ်နှစ်ယောက်ကို သတိပေးပြီးကားထဲမှ
ထွက်သွားသည်.
ဂိုထောင်ထဲတွင် ဥက္ကဌကြီး ရှင်းနဲ့ သူ့သားကြီးအပါ
အဝင် လူ အယောက် သုံးဆယ်ကျော်ရှိသည်။

လက်ထဲ အသင့်ရှိနေသော သေနတ်ဖြင့် မျက်စိရှေ့ရောက်နေသော သူများကို ဂျောင်ကု ပစ်သတ်လိုက်သည်။
ကျယ်လောင်စွာ ထွက်ပေါ်လာသော သေနတ်သံ
အဆုံးတွင် ဥက္ကဌကြီး ရှင်းကို သူ့သားကြီးက ကာကွယ်
ပေးနေသည်.

ရုတ်တရက်ဖြစ်သွားသည်မို့ ကြောင်အနေသော လူများသည် ဂျောင်ကုနဲ့ ယွန်းဂီလက်ချက်ဖြင့် သွေးအိုင်ထဲလဲ
လျက်ရှိသည်.

ပြန်လည်ပစ်ရန် သေနတ်ထုတ်နေသော လူများကို နမ်
ဂျွန်းခေါင်မိုးနားမှ ပစ်နေသည်။
အတုံးတုံးအရုံးရုံးသေနေသော လူများကြောင့် ထွက်
ပြေးရန်ကြံနေသော ဥက္ကဌကြီး ရှင်းကို ဂျောင်ကုလိုက်
ရှာနေသည်.

"Hyung'' [ complete ]Onde histórias criam vida. Descubra agora