ep 6

2.1K 224 20
                                    

Jungkook ရင်ခွင်ထဲ တအိအိငိုလာသော seokjin
သည် ငိုနေရင်း နှုတ်ခမ်းလေးဆုကာ အိပ်ပျော်နေသည်

အိမ်ရောက်တော့ seokjin ကိုယ်လေးကိုပွေ့ရင်း သူ့
အခန်းထဲသယ်ကာ အိပ်ယာပေါ်ချပေးလိုက်သည်.

"Jungkook နဲ့ taehyung အိမ်မှာနေခဲ့.ငါနဲ့ joon ဘယ်သူတွေလဲ သွားစုံစမ်းမယ်''

Yoongi အပြောကို jungkook နဲ့ taehyung သဘောမကျပါ.

"ကျွန်တော်တို့ပါလိုက်မယ်. ရာရာစစ သူတို့က seokjin ကိုထိရဲတယ်''

Jungkook သကားကိုဘေးက taehyung ပါဝင်
ထောက်ခံသည်.

"နောက်မှ ရှာကြမယ်.အခု jin hyung နားမှာနေကြ
ရအောင်''

Namjoon သကားကို အားလုံးထောက်ခံကာ
Namjoon နဲ့ taehyung ကဆေးသွားဝယ်ကြသည်.yoongi က မီးဖိုထဲ ဆန်ပြုတ်ပြုတ်နေသည်.

Jungkook seokjin ဘေးတွင်ဝင်ထိုင်ကာ နှာဖူး
လေးကို အသာလေး ငုံ့နမ်းလိုက်သည်.

"တောင်းပန်ပါတယ် hyung''

ငိုထား၍မျက်ရည်စီးကြောင်းသဖွယ်ဖြစ်နေသော ပါးနှစ်
ဖက်ကို လက်ဖြင့်အသားအယာသုတ်ပေးကာ ဆိုလိုက်
သည်.
ထို့နောက် ကြိုးတုတ်ထား၍ အသားလန်နေသော လက်
နှစ်ဖက်ပေါ် ဖွဖွလေးဖိနမ်းပြန်သည်.
လည်ပင်းက အနီကွက်တွေကို တွေ့တော့ လျော့ထား
သော စိတ်များ ဆောက်တည်ရာမရတော့ပါ.

"ရာရာစစ ငါ့အပိုင်ကို လာထိရဲတယ်''

Jungkook လက်သီးဆုတ်ကာ အံ့ကြိတ်ပြီး ပြောလိုက်သည်.
Taehyung တို့ဆေးထုတ်ဝယ်ပြီးပြန်လာတော့
Jungkook ပဲကိုယ်တိုင်ဆေးထည့်ပေးသည်.

လက်နဲ့ခြေထောက်မှ ပွန်းနေသော ဒဏ်ရာများအပြင်
အနည်းငယ်နီနေသော ပါးတစ်ဖက်....
ထို့နောက် လည်ပင်းက အမှတ်တချို့.....

"ဒီညပဲ လက်စသက်ရအောင်''

"Jin hyung ကရော''

"Hyung အိပ်ရင် သွားကြမယ်''

Jungkook သကားကို ကျန်သုံးယောက်လုံး ခေါင်း
ငြိမ့်သဘောတူကြသည်.

"အမ်း...''

ငိုထားလွန်းသောကြောင့် ကိုက်နေသောခေါင်းကို ကိုင်
ကာ မျက်လုံးများကို အားယူပြီး ဖွင့်လိုက်တော့ သူ့အား
ိုစိုးရိမ်တကြီး ကြည့်နေသော လူလေးယောက်.

"Hyung'' [ complete ]Where stories live. Discover now