"ဒုန်း!!!!''
မှောင်မဲနေသော အခန်းငယ်လေးသည် တံခါးဖွင့်သံနှင့်
အတူ ဝင်ရောက်လာသော လူသုံးယောက်မှလွဲ၍ အပ်
ကျသံ တစ်စက်မှပင်မကြား.နီးကပ်လာသော ခြေလှမ်းများသည် တစ်နေရာအရောက်တွင် ရပ်တံ့သွားသည်.
"ရှင်းဟွာပဲလား''
ယွန်းဂီ၏ အေးစက်စက်ဆိုသော စကားများအောက်တွင် လေထုသည် သာမာန်ထက်ပို၍ အေးစက်သွားသည်
ကြမ်းပြင်တွင် လဲကျနေသော ခန္ဓာကိုယ်ပိုင်ရှင်သည် ရုပ် မပေါ်အောင်ရိုက်နှိပ်ခံထားရပုံရှိသည်.
ထယ်ယောင်း ထိုလူမျက်နှာအား စောင့်ဆွဲကာ အသင့်
ယူလာသော ငွေရောင် ဓားမြှောင်လေးသည် ထိုသူ၏
မျက်နှာပြင်ပေါ်တွင်ပြေးလွှားနေသည်."မြန်မြန်ပြော.ဘယ်အချိန် ပစ္စည်းလွှဲမှာလဲ.အခုပြောရင်
မင်းတစ်ယောက်ထဲသေမယ်.အေး မပြောရင်မင်းမိန်းမ
ပါ ထည့်ပေးလိုက်မယ်''နားနားကပ်ကာပြောသော ထယ်ယောင်းစကားသည်
ကြက်သီးထဖွယ်အပြည့်ဖြစ်သည်."ဆိပ်...ဆိပ်ကမ်း မှာ 9:00....အ့..အား!!''
ထုတ်ချင်းပေါက်သွားသော လည်ပင်းတွင် ထယ်ယောင်း၏ ငွေရောင် ဓားမြှောင်လေး နေရာယူထားသည်.
ထယ်ယောင်းနှင့် ယွန်းဂီ ထွက်သွားချိန်တွင် နမ်ဂျွမ်း
သည် ဘေးက အတွင်းရေးမှူးကို တစ်ခုခုသေချာမှာနေ
သည်."အလောင်းတွေသေချာရှင်းပြီး ဂျောင်ကုဆီ ဖုန်းဆက်
ထား.ပြီးတော့ jin hyung ကိုသေချာဂရုစိုက်ဖို့ပါ
ပြောထား''မှာတမ်းချွေမှု အပြီးတွင် နမ်ဂျွန်းထွက်သွားမှ ထိုအတွင်းရေးမှူးလဲ သက်ပြင်းချနိုင်တော့သည်.
***********************************
သဘောင်္ ကမ်းဆိုက်သည်နှင့် ထိုနေရာနှင့်မနီးမဝေး
တွင် အမဲရောင် ဇိမ်ခံကားတစ်စီး အသင့်ရပ်နေသည်.
တာဝန်စောင့်ရဲများနှင့် ကင်းလှည့်ကားများကိုလဲ လက်ထိုးထားဟန်ပုံသည်.
ရဲနှင့်ပတ်သက်၍ အရိပ်အရောင်တောင်မမြင်ရချေ.မကြာခင် အမဲရောင်ဝတ်စုံပြည့်ဝတ်ထားသော လူ
၁၂ ဦ သည် ကားပေါ်မှ ဆင်းလာသည်.
YOU ARE READING
"Hyung'' [ complete ]
ActionIn the end..... promises are just words. #Jeon Jungkook #Kim Seokjin