"အိပ်နေတာလေးက အစ ချစ်စရာလေး''
"ဒါမို့လို့ ဟိုလေးကောင် ဥ ထားတာနေမှာပေါ့''
အိပ်နေရင်း အသံတွေကြောင့် seokjin မျက်လုံးဖွင့်လိုက်တော့ မိုက်ခနဲ မူးလာတဲ့ခေါင်းနဲ့အတူ အတွေး
တချို့ မျက်လုံးထဲပြန်ဝင်လာသည်.
ကြိုးဖြင့်တုတ်ထားသောကြောင့် လက်ရော ခြေထောက်
ပါ အသားတွေလန်ပြီးနီနေသည်."နိုးလာပြီလား...ကလေး''
အသံနဲ့အတူ မျက်နှာပြင်ပေါ်ကျလာသော လက်ကြမ်း
ကြမ်းတစ်စုံကြောင့် seokjin မျက်နှာကို ရုန်းလိုက်
ရင်း ထိုလူအားမျက်မှောက်ကျုံ့ ကာ ကြည့်လိုက်သည်."အဟိုး....တို့အရိုင်းလေးက တယ်စွာပါလား''
လူဆယ်ယောက်လောက်ရှိသည့် ဂိုထောင်ပျက်ထဲရောက်နေပြီး သူ့အားရိသဲ့သဲ့ လုပ်နေသော ထိုလူများကို
ကြည့်ရင်း အရင်က အကြွေးလာတောင်းသည့် လူများ
အား seokjin သတိရသွားကာ ကြောက်ရွံ့လာသည်."ဟေ့ကောင်တွေ...ငါဒီကောင်လေးအရသာကို မြည်း
ကြည့်ချင်တယ်''"အရသာ ရှိမဲ့ပုံလေးပဲ''
ညစ်ကျယ်ကျယ်ပြုံးကာသူ့နားကပ်လာသော လူနှစ်ယောက်ကြောင့် seokjin ချွေးတွေပါ ထွက်လာသည်.
"မထိနဲ့....ထွီ''
သူ့အသားအားလာထိသော ထိုလူမျက်နှာကို တံတွေး
ဖြင့်ထွေးလိုက်တော့ ထိုလူသည် မဲ့ပြုံးပြုံးရင်း ပါးပြင်
တစ်ဖက်ကို အားပါပါဖြင့်ရိုက်လိုက်သည်.
ပါးတစ်ဖက်ထူပူသွား ချိန် လည်ပင်းဖြူဖြူပေါ် ကျလာ
သည့် အားဖြင့် စုတ်ကာ ကိုက်ခဲနေသူကြောင့်
Seokjin နှုတ်ခမ်းများကို ကိုက်ကာ အသံမထွက်အောင် အံ့ကြိတ်ခံနေသည်.
မျက်လုံးများမှိတ်ထားရင်း နှုတ်ခမ်းမှ သွေးများထွက်သည်ထိ ဖိကိုက်ထားကာ အသားများပင်တုန်နေသည်.လည်တိုင်မှ တဆင့် ရင်ဘက် တဖြည်းဖြည်းအောက်
ဘက်သို့ ရောက်လာသော အနမ်းများကြောင့် seokjin ကြောက်ရွံ့လာသည်."ဝုန်း....!!!''
ကျယ်လောင်သော အသံနဲ့အတူ တစ်စုံတစ်ယောက်ရောက်လာမှန်းသိပင်မဲ့ ကြောက်ရွံ့ဆဲ ကိုယ်သည် တဆက်
ဆက်တုန်ကာ မျက်လုံးတို့အား မှိတ်ထားဆဲပင်...
YOU ARE READING
"Hyung'' [ complete ]
ActionIn the end..... promises are just words. #Jeon Jungkook #Kim Seokjin