Unicode 🎁
Recommend song_I Do❤️
My whole world changed,
From the moment I met you.
And it would never be the same.မင်းနဲ့ စတွေ့တဲ့ အချိန်ကတည်းက
ကိုယ့်ကမ္ဘာကြီး ပြောင်းလဲသွားခဲ့တာ...။
ပြီးတော့ ဒီလို တခါမှ မဖြစ်ခဲ့ဖူးဘူး။
.
.
.
.
.
.လူတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း
မှာ ချစ်မိသွားတယ် ဆိုတာမျိုးကို
ခင်ဗျားတို့ ယုံကြလား...။ကျွန်တော်တော့ အဲဒီ စကားကို
ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ကျွန်တော့်လို ရည်းစားကို ထည်လဲ
တွဲနေသူ အတွက်တော့ အချစ်ဆိုတာကို
သိပ်ပြီးမခံစားတတ်သလို ဘယ်တစ်ယောက်ကိုမှ မြင်မြင်ချင်း
ချစ်မိသွားတာမျိုး မဖြစ်ခဲ့ဖူးဘူး။ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး
လို့လဲ ကိုယ့်ကိုကိုယ် အထင်ကြီးစွာ
တွေးမိဖူးတယ်။အင်း...တစ်စုံတစ်ယောက်ကို
မတွေ့ခင် အထိပေါ့။....
ကျွန်တော် သူ့ကို စသိခဲ့တာ
ကျွန်တော့်ရဲ့ ဘယ်နှစ်ယောက်မြောက်
မှန်း မသိတဲ့ ကောင်မလေး ဆီကတဆင့်။"တွေ့ရတာ ၀မ်းသာပါတယ်
ကျွန်တော့် နာမည်က
Byun Baekhyun ပါ"သူ့နှုတ်ခမ်းပါးပါးလေးက
ထွက်လာတဲ့ စကားသံချိုချိုလေး
က လက်ရှိခုန်နေတဲ့ ရင်ခုန်သံကို
အဆပွားသွားစေတယ်။မျက်မှန်ဝိုင်းလေး အောက်က
မျက်ရစ် မပါတဲ့ မျက်ဝန်းလှလှတွေကို
စိုက်ကြည့်ရင်း ကိုယ့်ရင်ဘတ်ကို
ကိုယ် ဖိထားရတယ်။ခပ်တင်းတင်း စေ့ထားတဲ့
နှုတ်ခမ်းလေးက ပြုံးလိုက်တဲ့အခါ
ဘယ်လောက်တောင် လှလိမ့်မလဲလို့
တွေးမိတဲ့ အခါ ကိုယ့်ကိုကိုယ်
အံ့ဩမိသွားတယ်။နောက်ဆုံးတော့ ငါ
ဘယ်လိုချစ်ရမလဲ သိသွားခဲ့ပြီ။နောက်ဆုံးတော့ အချစ်ဆိုတာကို
နားလည်သွားခဲ့ပြီ။ဒါပေမယ့် အဲဒီ အချစ်ဆိုတာကြီးက
ငါ့ကို ဒဏ်ခတ်လိမ့်မယ်လို့တော့
ငါဟာ ငါပီသစွာနဲ့ မတွေးတောမိခဲ့ပြန်ဘူး။
YOU ARE READING
𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧
Fanfiction𝚈𝚘𝚞 𝚌𝚊𝚗 𝚜𝚎𝚎 𝚝𝚠𝚘 𝚕𝚘𝚟𝚎 𝚋𝚒𝚛𝚍'𝚜 𝚕𝚘𝚟𝚎 𝚒𝚗 𝚎𝚟𝚎𝚛𝚢 𝚟𝚎𝚛𝚜𝚒𝚘𝚗! 𝚆𝚛𝚒𝚝𝚝𝚎𝚗 𝚋𝚢 𝚒_𝚋𝚋𝚑_𝚞 𝚃𝚠𝚘 𝚙𝚊𝚛𝚝𝚜 𝚜𝚞𝚙𝚙𝚘𝚛𝚝𝚎𝚍 𝚋𝚢 𝚖𝚎𝚎_𝚐𝚎_𝚙𝚊𝚛𝚔 Pairing: Chanbaek Genre:Romance, Drama, Comedy, Fantasy