Ma Ma'Boy

8.7K 705 71
                                    

✔Unicode✔

ကျွန်တော် မသိခဲ့ဘူး
Ma Ma'Boy တွေ ကြမ်းရင်
သာမန်လူတွေထက်ဆိုးတယ်ဆိုတာ.....

○○○○○○○○○Ma Ma 'Boy○○○○○○○

"ဘုန်း"

"ဒါ ဘာလုပ်တာလဲ Park Chanyeol "

အေးအေးဆေးဆေး ကိုယ့်အတန်းမှာကို
စာထိုင်ဖတ်နေတုန်း 'ဘုန်း'ခနဲ အသံနဲ့အတူ
အသည်းပုံချောကလက်တွေ ထည့်ထား
တဲ့ အနီရောင် အသည်းပုံ ဘူးကြီးကို
တွေ့လိုက်ရသည်။

ဒါ...ဒါ မနက်ကမှ
သူကိုယ်တိုင် ဘယ်သူမှမသိအောင်
သွားထားထား တဲ့ ဟာမလား။

အသည်းပုံဘူးလေးကို တုန်တုန်
ယင်ယင်နဲ့ ကိုင်ပြီး ဘူး ပိုင်ရှင်
ကောင်လေးကို မော့ကြည့်လိုက်သည်။

ဒေါသတကြီးနဲ့ သူ့ကို
ကြည့်နေတာကြောင့် ကြောက်ကြောက်
ရွံ့ရွံ့ ခေါင်းပြန်ငုံ့လိုက်သည်။

ဘေးက ကျောင်းသားတွေကလဲ
သူတို့ နှစ်ယောက်ကို ဝိုင်း ကြည့်
နေတာမို့ ချွေးတွေလဲ ပြန်လာသည်။

ဒါထက် ပိုကြောက်ရတာက
ရှေ့က သူ့ရဲ့ Crush
Byun Baekhyun ကိုပင်။

"ငါ့မျက်နှာကို တည့်တည့်ကြည့်စမ်းပါ
Park Chanyeol "

တစ်နှစ်ခွဲ တိတိ crushလာခဲ့တယ်
ဆိုပေမယ့် အခုလို crush ရဲ့ မျက်နှာကို
မျက်နှာချင်းဆိုင် မကြည့်ရဲခဲ့။

ဒါ ပေမယ့် မကြည့်ဘဲ လဲမနေရဲ။
Crushရဲ့ ဒေါသကိုလဲ သိနေတာကို။

စိတ်ထဲမှာ ဘုရားစာ ပေါင်းစုံ
ရွတ်ရင်း မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

ချောလိုက်တာ...
အနီးကပ်ကြည့်မှ သိပ်ကို ချစ်စရာ
ကောင်းတာပဲ။

"ဒါ မင်းထားသွားတာမလား"

ချောကလက်ဘူးကို ကိုင်ပြီး
တိုက်ရိုက်ကြီး မေးလာတာမို့
ခြေတုန်လက်တုန် ဖြစ်သွားရသည်။

ဘယ်သူမှ မသိအောင် မနက်အစော
ကြီး လာပြီး သွားထားတာတောင်
ဘယ်လို သိသွားရတာပါလိမ့်...

"ဘယ်လို သိလဲ တွေးမနေနဲ့
ငါကိုယ်တိုင် မင်းထားသွားတာကို
တွေ့တယ်"

ဘုရားရေ..
သူကိုယ်တိုင်တွေ့တယ်တဲ့။
ချောကလက်ဘူး ကို ဘယ်သူမှမမြင်အောင်
ထားတာကို crushက ဘယ်လို မြင်သွားရတာလဲ။ မသိစေချင်လို့မှ
မနက်အစောကြီး လာပါတယ်ဆို
သိသွားတယ်ဆိုတော့ Park Chanyeol
တို့ သွားပြီ။

𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 Where stories live. Discover now