Sky is blue

1.8K 216 6
                                    

Unicode

"အိမ်ရှင်တို့ ...

အိမ်ရှင်တို့"

Chanyeol အပင်တွေ ပေါင်းသင်
နေရာမှ ခြံဝက တစ်ယောက်ယောက်ရဲ့ ခေါ်သံကြောင့် လုပ်လက်စကို
ရပ်ထားခဲ့ကာ ခြံဝဆီ ထွက်လာခဲ့သည်။

"ဘာကိစ္စရှိလို့လဲ မသိဘူး"

ကောင်လေးက လက်ထဲမှာ
ဘူး တစ်ဘူး ကိုင်ထားသည်။
ကောင်လေး ပုံစံက နုနုဖက်ဖက်လေးနဲ့
အသားအရေကလဲ ဖွေးဆွတ်နေကာ
သေးသေးကွေးကွေး လေးနဲ့ ယောကျ်ား
တန်မဲ့ ချစ်ဖို့ အလွန်ကောင်းလှသည်။

ခုခေတ် ကောင်လေးတွေ ဘာလို့
ဒီလောက် ချစ်ဖို့ ကောင်းကြလဲ မသိတော့...

"ကျွန်တော်က ဒီဘက်ခြံဘေးကို
ဒီနေ့မှ ပြောင်းလာတဲ့ လူသစ်တွေပါ
အဲဒါ... ဒီအိမ်ကို ဆန်မုန့်လာပို့တာဗျ"

ကောင်လေးက အိမ်က
အကောင်ပေါက်လေးနဲ့ ရွယ်တူလောက်
လေးမို့ Chanyeol မြင်မြင်ချင်းပင်
ညီလေး တစ်ယောက်လို ခင်မိသည်။

"ကျေးဇူးနော် ညီလေး"

Chanyeolကောင်လေးဆီက
မုန့်ဘူးလေး ယူပြီး လှည့်ထွက်လိုက်တော့
အိမ်အပေါက်ဝကနေ သူတို့ကို
ရပ်ကြည့်နေသော ပေါက်စနလေး။

Chanyeol ပြုံးလိုက်မိသည်။
ကြည့်ပါဦး...။ အဝေးက လှမ်း
ကြည့်တာတောင် ဖြစ်ညစ်ဖို့ကောင်း
နေတာ။

"အကောင်ပေါက်လေး နိုးပြီလား"

အကောင်ပေါက်လေး အနားသွားကာ
နှာခေါင်းလုံးလုံး လေးကို
အသာ ဆွဲလိမ်ရင်း မေးပေမယ့်
ကလေးစုတ်က Chanyeol မေးခွန်း
မှာ အာရုံမရှိ။ Chanyeol လက်ထဲက
ဆန်မုန့်ကိုသာ အရောင်လက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာမို့
Chanyeol ပြုံးရပြန်သည်။

"သွား...မျက်နှာ အရင်သွားသစ်
ပြီးမှ အောက်ဆင်းခဲ့။
ကိုကို အောက်ကစောင့်နေမယ်"

"ဟုတ်ကဲ့ ကိုကို"

ခေါင်းငြိမ့်ပြကာ Chanyeol
ရဲ့ ပါးလေးကို ခြေဖျားထောက်
နမ်းပြီး အပေါ်ထပ်သို့ လုံးလုံး
လုံးလုံးဖြင့် တက်သွားသော
Chanyeol ရဲ့ အသည်းကျော်လေး။

ဒင်းလေး အခန်းထဲ ဝင်သွားမှ
မီးဖိုချောင်ဝင်ကာ
အကောင်ပေါက်အတွက် မနက်စာ
ပြင်ရတော့သည်။

𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 Where stories live. Discover now