Sam

3.5K 377 53
                                    

✔Unicode✔

"အားလုံးပဲ မင်္ဂလာပါ ဆရာ့နာမည်က
Park Chanyeol လို့​ခေါ်တယ်"

ကြား​နေကြ  အသံ​တွေနဲ့ မတူ
အရမ်းနား​ထောင်​ကောင်းတဲ့ အသံသြသြ
ကြီး​ကြောင့် အသံလာရာ ကြည့်မိ​တော့

အနက်​ရောင်suitကို သပ်သပ်ရပ်ရပ်
၀တ်ဆင်ပြီး ဆံပင်​တွေကို လှန်တင်ထား
တဲ့ လူက သူ့ကိုယ်သူ ဆရာလို့ မိတ်ဆက်
လာသည်။

​နေပါဦး...

ဆရာ???

ဒီအသက်ဒီအရွယ်​ရောက်ပြီ
ဒီ​လောက် စတိုင်ကျလွန်းတဲ့ ဆရာမျိုး
တခါမှမ​တွေ့ဖူး​ပေ။

အတန်းထဲက လူ​တွေကို တ​ယောက်ချင်း
စီ လိုက်ကြည့်​နေတဲ့ ဆရာ့အကြည့်စူးစူး
​တွေ...

ရင်ခုန်လိုက်တာဗျာ...

ဆရာသာ ကျွန်​တော့်အပိုင် ဖြစ်လာရင်
ဘယ်​လောက်​ကောင်းမလဲ။
အီး..ဟီး..
အ​တွေးနဲ့တင် ကြက်သီးထလာပြီ။

"ဆရာက ​ချောလိုက်တာဟယ်"

"ငါတို့​တော့ ကံ​ကောင်းတာပဲ"

"ဆရာက ငါ့ရဲ့ ideal typeပဲ ခ်ခ်"

​ကောင်မ​လေး​တွေ ​ပြောသလို
ဆရာကအရမ်း​ချော​နေသည်။
တကယ်က ဆရာက ​မော်ဒယ် ဒါမှမဟုတ်
မင်းသား ဖြစ်ရမှာ။ အရပ်ဆိုတာလဲ
အနည်းဆုံး ၆​ပေရှိ​နေမှာ​အေး​ဆေး။
ကျွန်​တော် ဆရာ့နားသွားရပ်ရင်
ကျွန်​တော့်​ခေါင်းက ဆရာ့ ​မေးဖျား
ကို မထိတထိ​လေး ​နေမှာ...
အဟင်းဟင်း....

"ဆရာက ဒီ​နေ့မှအသစ်​ရောက်လာတာ
ဆို​တော့ စာမသင်​သေးဘူးကွာ
မင်းတို့နဲ့ ရင်းနှီးချင်တယ် ဒီ​တော့
ဆရာတို့ kakao acc​လေး​တွေ အပြန်
အလှန် addကြရ​အောင် ပြီးရင်
အဲဒီက​နေတဆင့် ဆရာ့ဆီ
​မေးချင်တာ​လေး​တွေ ​မေးလို့ရပါတယ်"

ပွတာပဲ...။
စုံစမ်းစရာ​တောင်မလိုဘူး...
BBHတို့ ကံ​ကောင်းချက်​နော်

ကျွန်​တော်လဲ ​နောက်ကျန်ခဲ့မှာ
​ကြောက်တာမို့ အလျင်အမြန်ပဲ
အ​ကောင့်လဲခဲ့လိုက်တယ်။

___

ဆရာက ​တော်​တော့်ကို နာမည်ကြီး
​နေတာ...4Gကွန်ရက်ထက် မြန်တဲ့
​ကောင်မ​လေး​တွေရဲ့ စုံစမ်းထားတာ
​တွေအရ ဆရာက အိမ်​ထောင်လဲမရှိ
ရည်းစားလဲမရှိဘူးတဲ့။

𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 Where stories live. Discover now