Love Scenario

7.3K 597 18
                                    

✔Unicode✔

"ဟက်.."

စာရွက်ပေါ်က မြင်လိုက်ရသော နာမည်
ကြောင့် Baekhyun စိတ်ညစ်ညူးသွားသည်။
အဲဒီကောင် ပါမယ် မှန်းသိရင် Baekhyun
စာရင်း ပေးဖြစ်မည်မထင်။ အခုတော့
Baekhyun နာမည်က စာရွက်ပေါ် ရောက်
သွားပြီ။

"Baekhyun ...ဒီနေ့ညနေ
Stadium မှာ training စလုပ်မယ်တဲ့ "

ဘာမဟုတ်တဲ့ နာမည် အကြောင်း တွေး
နေရာမှ E.C စကားကြောင့် Baekhyun
မျက်မှောင်ကြုတ်သွားသည်။

"ဘာလဲဟ...ဒီနေ့ပဲ စာရင်းပေးရတယ်
ဒီနေ့ပဲ ...စလေ့ကျင့်ရတော့မှာလား"

"ပြိုင်ပွဲက...နောက်နှစ်ပတ်နေရင်
စပြီလေ..အချိန်မရှိမှာစိုးလို့တဲ့"

"အနီးကပ်မှ ပြိုင်ပွဲ တွေရှိတယ်လို့
ပြောတာက ဘယ်သူတွေမို့တုန်း"

Baekhyun နာမည်လေးတစ်ခုကြောင့်နဲ့
အခုလို စိတ်အနှောင့် အယှက် ဖြစ်နေတာက
သိပ်တော့ မဟုတ်သေးပေ။

"အစက မလုပ်တော့ဘူးလို့တောင်
ကြေငြာ ထားတာ..ဒါပေမယ့် ကျောင်းသား
တွေက ..သူတို့ကိုယ်တိုင် ဦးစီး လုပ်မယ် ။
ခွင့်ပြုချက်သာ ပေးပါ..လို့ တောင်းဆိုလို့
ရုတ်တရက်ကြီး အခုလို ဖြစ်သွားတယ်။

အဲဒီ တောင်းဆို တဲ့ထဲ ..မင်းပါ ပါသလားလို့"

ပါတာပေါ့..။
ဘတ်စ်ကတ်ဘောဆို သိပ်ကို ဝါသနာ
ပါသော ..Baekhyun က ဒီ အားကစားပွဲ
တွေ ကျင်းပ ပေးဖို့ တစိတ်တဒေသ ကနေ
ပါဝင်ခဲ့ သည်။

"အေးပါ..ထားပါတော့
ဒါနဲ့..ငါတို့ကို train ပေးမှာက
ဘယ်သူလဲ။ ပြိုင်ပွဲက အရမ်းနီးနေတော့
တကယ် တော်တဲ့ ဆရာခေါ်သင့်တယ်နော်"

"ဘယ် ဆရာမှ ခေါ်စရာ မလိုဘူး
ငါတို့ Batchမှာ အရမ်း တော်တဲ့ လက်ရွေးစင်
တစ်ယောက် ရှိထားတယ်။ အဲ တစ်ခုက
ငါတို့ အားသာချက်ပဲ"

"ဘယ်သူလဲ "

"Park Chanyeol လေ"

"ဘာ!!!!"

Shit...

ကံကြမ္မာသည် Baekhyun ကို
လှောင်နေဟန် တူပါသည်။

♡♡♡♡♡♡♡Love Scenario ♡♡♡♡♡♡

Baekhyun stadium ထဲသို့
ရောက်လာတော့...သုံး လေးယောက် လောက်
သာ ရောက်သေးသည်။
ဟိုကောင်ကတော့ ခုထိ မရောက်သေး။

𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 Where stories live. Discover now