BFF to BF

1.8K 214 10
                                    

Unicode

"သားရေ Baekhyunee...
ဒီမှာ သားChan လာခေါ်နေပြီ"

"လာပြီ မေမေ"

အသံစူးစူးလေးနဲ့အတူ အိမ်ထဲကနေ
အပြေးလေးထွက်လာတဲ့
Baekhyunကို စက်ဘီး ပေါ်ကနေပြီး
Chanyeolပြုံးပြလာသည်။

Baekhyunကလဲ သွားညီညီလေးတွေ
ဖွေးခနဲပေါ်လာတဲ့အထိ
မျက်လုံးပေါက်လေးတွေ
မပေါ်တော့တဲ့အထိ
ပြန်ရယ်ပြလာပြီး
စက်ဘီးနောက်ထိုင်ခုံပေါ်ဝင်ထိုင်
လာသည်။

"သွားတော့ ငချန်း"

"ဟုတ်ကဲ့ခမျ"

Baekhyunကိုခပ်နောက်နောက်
ပြန်စပြီး ကျောင်းကို ခပ်သုတ်သုတ်
ပဲ ထွက်လာခဲ့လိုက်သည်။ ဒီနေ့က
နှစ်ယောက်လုံးရဲ့ အသင်းဆိုတော့
နှေးနှေးလေး စီးနေလို့ မဖြစ်တာမို့
အနောက်က ဝက်ပုတ်ပါသော်ငြား
မနက်က သောက်ခဲ့တဲ့ နွားနို့ မျက်နှာနဲ့
အားထည့်ကာ သုတ်ခြေတင်ခဲ့တော့သည်။

......

Chanyeolနဲ့Baekhyun
နှစ်ယောက်လုံးက ငယ်ငယ်ကတည်းက
လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေ။

အိမ်ချင်းကပ်ရပ်ဖြစ်ပြီး ကျောင်းသွားရင်လဲ စက်ဘီးတစ်စီးတည်း အတူသွားကြတဲ့သူတွေ။

အခုဆို သူတို့က အထက်တန်း ဒုတိယနှစ်
ကျောင်းသားကြီးတွေ ဖြစ်နေကြပြီ။
Chanyeolကဉာဏ်ကောင်းတာ
မှန်ပေမယ့် စာလုပ်တဲ့ လူမဟုတ်ဘူး..
ဆရာစာသင်နေရင်လဲ နားထောင်ချင်မှ
ထောင်တာ...ဘေးက မိန်းကလေး
သူငယ်ချင်းတွေကို လိုက်စရင်စ
မဟုတ်ရင် Baekhyunကို စ,နေတတ်
တဲ့ သူမျိုး။

ဒါကြောင့်လဲ စာမမီလိုက်လို့ ဆိုပြီး
Baekhyunဆီက ပြန်ကူးရသည်။
တခါတလေ Baekhyunက
Chanyeolနားမလည်တာတွေ
ရှင်းပေးရင်း နှစ်ယောက်လုံး
Baekhyunအိမ်က အခန်းထဲမှာပဲ
အိပ်ပျော်သွားတတ်ကြသည်။

တခါ တလေကျရင်
Chanyeolအမေက Baekhyun
စာကျက်သံကြားရင် Chanyeol
ကို ထ ထ ဆူတတ်သည်။ အဲဒီအခါ
ဆို စာအုပ်လေး သုံးလေး အုပ်ထုတ်ပြီး
Baekhyunအိမ် ဘက် ရောက်ချလာသည်။

ပြီးတော့ ပြောသေးသည်။

"စာကျက်ရင် အရမ်းကြီး အော်မကျက်နဲ့ကွာ
မင်းစာကျက်ပြီဆို ဘွားတော်ကြီးက
ငါ့ကို အသေ ပွားတော့တာ"

𝐂𝐡𝐚𝐧𝐛𝐚𝐞𝐤 𝐎𝐧𝐞 𝐒𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 Where stories live. Discover now