•10•

1.1K 192 21
                                    

Unicode

" လွန်ခဲ့တဲ့သုံးနှစ်လောက်က
ငါနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ
ပြန်ပေးဆွဲခံရတဲ့ကိစ္စမျိုးရှိခဲ့တယ် "

ကိုယ့်လက်လက်နှစ်ဖက်ကိုကိုယ်တင်းတင်းပူးကိုင်ထားမိပြီး အသံတွေကလည်းတုန်နေတာသိပေမယ့် မထိန်းချုပ်နိုင်

" ခြုံပြောရရင်.. ခြုံပြောရရင် မတော်တဆဖြစ်ပြီး သူငယ်ချင်းက ဆုံးသွားတယ် အဲ့ case မှာ "

သေသွားခဲ့တယ်ဆိုတဲ့စကားပြောလိုက်ပြီး
ဂျယ်ယွန်းကိုတစ်ချက်မျက်နှာရိပ်ကြည့်လိုက်မိတယ် ။ ခေါင်းတငြိမ့်ငြိမ့်နဲ့ပဲ ဆက်နားထောင်နေလေရဲ့ ။ တခြားသူသာဆိုလန့်နေသင့်ပြီမဟုတ်လား ။

" ဒါပေမယ့် သေသွားခဲ့တဲ့သူကိုအားနာလွန်းလို့ ... ကျန်နေခဲ့တဲ့ ငါတောင် ကြောက်နေရင် သူသာဆို ဘယ်လောက်တောင် နာကျင်ခဲ့မလည်း ကြောက်နေခဲ့မလည်း ဆိုတာ
ပြန်ပြန်တွေးမိလို့

ပြီးတော့ နောက်ဆုံးအချိန်ထိငါ့ကိုပဲကြည့်ပေးခဲ့
တဲ့သူ့ကို မျက်နှာမပြရဲလို့ ကြောက်တယ်ဆိုတဲ့စကားကိုပြောမထွက်ခဲ့ဘူး ။

ဒါပေမယ့် ကျန်‌ရစ်နေခဲ့တဲ့သူအဖြစ်အသက်ရှင်နေတဲ့တစ်လျှောက်လုံး အရမ်းကြောက်ခဲ့တယ် "

လော့ကာကိုကျောမှီထိုင်နေရင်း
ခေါင်းကိုငုံ့ထားမိသည် ။ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောဖို့တော့ အင်အားမရှိ ။

စိတ်ဓာတ်ကြံ့ခိုင်တဲ့ယောင်္ကျားလေးဆိုရင်
မငိုရဘူးဆိုပြီး မှာဖူးတဲ့ သူက
သူ့ကို ညတိုင်းငိုရအောင်လုပ်တဲ့သူပင် ။
အခုလည်း ဘယ်သူ့ကိုမှပေးမမြင်တဲ့မျက်ရည်တွေနဲ့ ဂျယ်ယွန်းရှေ့မှာ

" မင်း အမြဲတမ်းသန်မာချင်ယောင်ဆောင်နေတာ အဲ့လိုအတိတ်ကြောင့်လား ။ ပြီးတော့
ခုနက ကြိုးတွေကိုကြောက်တာလည်း အဲ့တာနဲ့ဆိုင်လို့လား "

အသာခေါင်းငြိမ့်ပြလိုက်တော့
လော့ကာ နှစ်ခြမ်းကြားကချထားတဲ့ခုံမှာ ထိုင်နေတဲ့ ဂျယ်ယွန်းက ငုံ့ကြည့်ပြီးမေးလာသည်။
သနားတဲ့အကြည့်မဟုတ်ပဲ နွေးထွေးတယ် ။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now