• 22 •

961 158 8
                                    

Unicode

" ဂျယ်ယွန်း သတိရပြီ ဒါပေမဲ့ ဆေးရုံခန်းထဲကနေထွက်ပြေးသွားတယ် "

ဆေးရုံကို မနက်ဘက်ပြန်လာခဲ့ပေမဲ့ ကြားလိုက်ရတာကြောင့် ရင်ထဲပူလာသည် ။

" အခုရော သူဘယ်မှာလည်း "

" မသိဘူး ဒါပေမဲ့ .."

ဂူချန်းစကားပင်မဆုံးလိုက်‌သေး အဲ့နေရာကနေ ပြေးထွက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုမွှေနောက်ရှာမိသည် ။ ထပ်ပြီး အန္တရာယ်ရှိတာတွေမလုပ်ပါစေနဲ့လိုလည်း တဖွဖွဆုတောင်းနေမိသည်။

ဂျယ်ယွန်းကိုရူးမတတ်စိတ်ပူနေတာ ဆောင်းဟွန်းသာသိပါသည် ။

ဆေးရုံ‌မြေညီထပ်ကနေ အပေါ်ဆုံးထပ်အထိ‌
အရူးလိုမျိုး သုံးခါလောက်ပတ်ပြေးကာနှံ့နေအောင်ရှာခဲ့ပေမဲ့ သူမေ့နေတာ တစ်နေရာရှိသေးသည် ။ ဆေးရုံခေါင်မိုး ..

အပြေးတက်လာပြီး ခေါင်မိုးထပ်ကိုရောက်တာနဲ့ လေအေးတွေကလည်းသိသိသာသာတိုးတာခံစားလိုက်ရသည် ။

ဂျယ်ယွန်းသူ့ကိုတွေ့ရင် ဘယ်လိုဖြစ်မလည်းဆိုတာထက် အခု ဂျယ်ယွန်းကိုသူတွေ့ချင်နေတဲ့စိတ်ကပိုပူပြင်းသည် ။ ဒီတိုင်း အဝေးကပဲမြင်လိုက်ရရင်တောင်အဆင်ပြေပါတယ် ။

ဆေးရုံခေါင်မိုးထပ်ရဲ့ထောင့်ကျတဲ့တစ်နေရာမှာ
တွေ့လိုက်ပါပြီ ။ ဆေးရုံဝတ်စုံအဖြူသန့်သန့်ကို
သွေးရောင်လျော့နေတဲ့ခန္ဓာကိုယ်မှာ မလိုက်ဖက်စွာတွေ့လိုက်ရသည် ။
မနေ့ညက တစ်ခါလာခဲ့ပေမဲ့ အခု လေဝှေ့လို့ တစ်ချက်တစ်ချက်ဝဲသွားတဲ့ ဆံပင်နက်နက်တွေကို သူနမ်းရှိုက်ချင်သည် ။
သေအောင်လွမ်းနေရတဲ့ ဒီလူက
သူ့ကိုပဲကြည့်ပါမယ်ဆိုတာတောင် အတင်းပြေးထွက်ချင်တဲ့ ခေါင်းမာတဲ့အဲ့ ေကာင်လေးကို
နည်းနည်းလည်းစိတ်ဆိုးချင်သည် ။

အနားကပ်သွားမယ်လုပ်ပေမဲ့ ဘေးမှာ တခြားလူရှိနေတာကြောင့် ခြေလှမ်းကိုရပ်ကာလူကွယ်မယ့်တစ်နေရာကနေပဲ အခြေအနေကိုအကဲခတ်မိသည် ။

ဆံပင်ရွှေအိုရောင်နဲ့သူက သူတို့နဲ့သက်တူရွယ်တူပဲဖြစ်မယ်ထင်သည် ။
ပြီးတော့.. သူတောင်မတွေ့ရတာကြာပြီဖြစ်တဲ့
ဂျယ်ယွန်းရဲ့အပြုံးတစ်ချို့ကလည်း
အဲ့တစ်ယောက်ရှေ့မှာကျ ရက်ရက်ရောရော ။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now