•24•

919 156 14
                                    

Unicode

" နင် ဟိုရောက်ရင် နည်းနည်းပြန်စဉ်းစားကြည့်ပါအုံးဟာ "

စိတ်ပူတကြီးပြောနေတဲ့ သူငယ်ချင်းကောင်မလေးကို ရယ်သာရယ်ပြလိုက်တယ် ။

" ဟုတ်တယ် ။ Jake သေချာပြန်စဉ်းစားအုံး "

ဂျုံဆောင်းကပါဘေးကဝင်ပြောပေမယ့်
သူဘယ်လိုတွေးမှာလည်းဆိုတာကို
လူတိုင်းသိလောက်မယ်ထင်ပါတယ် ။

လေယာဉ်ပေါ်ရောက်ပြီးတာနဲ့ နေရာမှာဝင်ထိုင်ပြီး ပြတင်းပေါက်ကိုအကြောင်းမဲ့ ငေးမိနေတယ်
ခေါင်းကိုငိုက်စိုက်ချမိပြန်တော့ ကိုယ့်လက်နှစ်ဖက်ကို ဖြန့်ပြီး သေချာကြည့်မိတယ် ။

ဒီလက်တွေကသာ နည်းနည်းလောက်ထပ်ကြိုးစားပေးခဲ့ရင် ...

ဆောင်းဟွန်းရော ...
အဲ့ကောင်လေးရဲ့ မိသားစုရော ...
အဲ့ကောင်လေးရဲ့ သူငယ်ချင်းတွေရော ...
နာကျင်ရမှာမဟုတ်လောက်ဘူး ။

သူထားခဲ့တဲ့ လူတစ်ယောက်က နောက်ဆုံးအချိန်မှာ ဘယ်လောက်မွန်းကြပ်နေခဲ့မလည်း
ဘယ်လောက်ပူလောင်ခဲ့မလည်း
ဘယ်လောက်နာကျင်ခဲ့မလည်း ။

တွေးမိတိုင်း ရင်ဘတ်ထဲကသေအောင်နာတယ် ။

အခုချိန်မှာသူပင်ပန်းနေတာတောင် ပင်ပန်းနေကြောင်းထုတ်မပြောနိုင်ဘူး ။

ဆောင်းဟွန်းလည်း အဲ့လိုမျိုးနေခဲ့ရတာမလား ။

အတူတူသေလိုက်ရင်တောင် ကိစ္စတွေဒီလောက်မရှုပ်ထွေးသွားလောက်ဘူးလို့ တွေးနေမိတာ အထပ်ထပ်အခါခါပင

ပြီးခဲ့တာတွေကိုတွေးပြီးအပြစ်ရှိစိတ်ဝင်နေရုံနဲ့
သေသွားတဲ့လူကပြန်ရှင်မလာဘူးလို့
ဂျုံဆောင်းကလည်း ချော့တစ်လှည့်ခြောက်တစ်လှည့်ပြောပေမယ့် နားထဲမဝင်ဘူးဖြစ်နေတယ် ခက်တာပါပဲ ။

ဆေးရုံတက်နေခဲ့ရတဲ့သုံးလေးရက်မှာ သူငယ်ချင်းနှစ်ယောက်ကအမျိုးမျိုးဖြောင်းဖျကြတယ် ။ ဒါပေမဲ့
သူ့စိတ်နဲ့သူနဲ့တိုက်နေရတဲ့ ပွဲ ၊
ဘေးကစကားတွေထက် ကိုယ့်အတွေးကိုယ်ပြန်ပြင်နိုင်မှပဲ

ဆောင်းဟွန်းတုန်းကရော ဘေးမှာဖြောင်းဖျပေးမဲ့ လူရှိခဲ့ရဲ့လား ။ ရုတ်တရက်အဲ့လိုတွေလိုက်မိပြန်တော့ သူငယ်ချင်းတွေကိုထားခဲ့ပြီး ဩဇီပြန်ဖို့ဆုံးဖြတ်လိုက်တာ မှန်တယ်လို့ တွေးမိလိုက်သေးတယ် ။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now