•21•

993 160 3
                                    

Unicode

အမြင်အာရုံတွေပြာဝေနေသလို အသက်ရှူဖို့လည်းခက်ခဲလွန်းသည် ။

မီးခိုးရောင်မျက်နှာကျက်ကိုသာ အရင်တွေ့လိုက်ရတာ‌ကြောင့် မသေသေးဘူးဆိုတဲ့အသိဝင်လာသည် ။

လက်ဖမိုးနေရာမှာထိုးစိုက်ထားတဲ့အပ်တွေကြောင့်
စိတ်ပျက်မိပြန်သည် ။ မှန်ကွဲစတွေထိထားခဲ့တဲ့လက်ဟာလည်း ပတ်တီးအဖြူဖုံးလို့

ဆေးရုံမို့လို့ရနေတဲ့ အနံ့တွေကလည်း အရမ်းမွန်းကြပ်သည်။

" သားလေး .. သတိရပြီလား "

" မသေသေးဘူးလား "

‌အသိစိတ်ဝင်တာနဲ့မြင်ရတဲ့
မေမေ့ကိုအားနာပေမဲ့ ထွက်သွားတဲ့စကားကတော့ ပျော့ညံ့တဲ့ကိုယ့်ကိုယ်ကိုခနဲ့လိုက်တဲ့စကားပင် ။

အားယူပြီးခေါင်းထောင်ပေမဲ့ တစ်ကိုယ်လုံးကိုက်ခဲနေသလိုနဲ့ နည်းနည်းမှအဆင်မပြေ ။

မေမေက နာ့စ်သွားခေါ်တော့ ပတ်တီးနဲ့လက်က
ဆေးထိုးအပ်တွေစိုက်ထားတဲ့လက်ကိုလှမ်းပြီး
စမ်းလိုက်သည်။ လက်ပြန်ထောက်ကာ အားယူထပြီး ဆေးထိုးအပ်တွေကိုဆွဲဖြုတ်လိုက်တော့ လက်ဖမိုးမှာ သွေးတစ်ချို့ကစီးကျလို့ ။

ထထွက်မယ်လုပ်တုန်း အခန်းထဲပြန်ဝင်လာတဲ့
မေမေ့ကြောင့် လူကတောင့်ကနဲ

" ဂျယ်ယွန်း .. သား ဘယ်သွားမလို့လည်း
နေလည်းမကောင်းသေးဘူး ... လက်မှာ...သွေးတွေ "

အလန့်တကြားနဲ့အနားကပ်လာပြီးပြောနေပေမဲ့
စိတ်တွေကအရမ်းရှုပ်ထွေးနေသည် ။

" ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ထားပေးပါလား ! ပင်ပန်းလို့သေတော့မယ် "

ပုခုံးကိုကိုင်ပြီးပြောလာတဲ့မေမေ့လက်ကိုရိုက်ချပြီး
ဘာကိုမှမစဉ်းစားပဲ အော်ကာ ထွက်ပြေးလာသည် ။ အဝင်ဝမှာ ရပ်ကြည့်နေတဲ့ ဂူချန်းကိုဖြတ်ကနဲမြင်ခဲ့ပေမဲ့ ဂရုမစိုက်ပဲ ခြေဦးတည့်ရာပြေးထွက်လာခဲ့သည် ။

ဘာကိုမှ မကြည့်ချင်တော့ဘူး ။

စိတ်ကုန်ပီး ပင်ပန်းတယ် ။

တချို့တွေပြောခဲ့တဲ့စကားကမှန်တယ် ။
သေဖို့ကြိုးစားပြီး မအောင်မြင်တာက သေတာထက်ပိုပြီးခံစားရတယ်တဲ့ ။
ရောက်မိရောက်ရာ ဆေးရုံခေါင်မိုးကိုပြေးလာတာနဲ့ လက်နှစ်ဖက်ကိုဒူးမှာထောက်ပြီးခဏရပ်ကာ အသက်ကိုဖြည်းဖြည်းရှူရတယ် ။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now