•15•

970 170 11
                                    

Unicode

" ဒီလို လေနဲ့မတွေ့ရတာတောင်ကြာပြီ "

လေကိုအားပါးတရရှူသွင်းပြီး ဂျယ်ယွန်းက
ဆိုလာသည် ။
သူလာချင်တဲ့နေရာကိုလာပြီး
သူ့ဘာသာတစ်ပြုံးပြုံးဖြစ်နေတဲ့ ဂျယ်ယွန်းကိုမလှဘူးပြောရင်တော့ လိမ်ရာရောက်မှာပေါ့ ။

လှတယ် ။ ငါ့အတွက် မင်းကအလှဆုံးမြင်ကွင်းပဲ

မြစ်ဘက်ကိုမသွားရသေး အခုရောက်နေတာ
ပန်းခြံဘက်မှာ

လမ်းလျှောက်နေရင်းပဲ ဂျယ်ယွန်းက
သူ့ jacket ကို ချွတ်ကာ အပေါ်မှာပဲ ခြုံထားလိုက်သည် ။ တီရှပ်အဖြူလက်တိုလေးနဲ့ လေအေးတွေကလည်းတိုက်နေသေး၏ ။

" အေးနေတာကို ဘာလို့ချွတ်လိုက်တာလည်း "

" တစ်ကိုယ်လုံး လန်းဆန်းသွားအောင်လို့ "

သွားလေးတွေစိကာ ရယ်ပြီးပြောလာတဲ့
ဂျယ်ယွန်းကို အသည်းယားမိပါသေးသည် ။

ကိုယ့်ခံစားချက်ကိုယ် နားလည်ခါစက
ဂျယ်ယွန်းမရှိရင် သေသွားလိမ့်မယ် လို့ပြောခဲ့ပေမဲ့ အခု..
ဂျယ်ယွန်းမပျော်ရွှင်ဘူးဆိုရင် သေသွားလောက်တယ် ။

အရာအားလုံးကို အဲ့ကောင်လေး အတွက်ပဲစဉ်းစားပေးမှာမို့ ဘာဖြစ်ဖြစ် နားလည်ပေးမယ့်သူဖြစ်ချင်တာမို့ ဂျယ်ယွန်း ပျော်ရွှင်မှဖြစ်မယ် ။

အချစ်ဆိုတာ ဒီလိုပါလား ဆိုပြီး ပထမဆုံးကြုံလိုက်ရတဲ့ခံစားချက်ကလည်း တစ်မျိုးတစ်ဖုံ
ရင်မောစေသည်လေ ။

ဂျယ်ယွန်းကိုတစ်ချက်လှည့်ကြည့်တော့
လက်ဖျံမှာ Plasta လေးကပ်ထားတာကို မြင်လိုက်ရပြန်သည် ။

" လက်မှာ ဘာဖြစ်ထားလို့လည်း "

" အာ.. အဲ့တာမနေ့က ဂူချန်းနဲ့ ဆေးသွားစစ်ထားတာ "

" နေမကောင်းလို့လား "

ဘာမှမဟုတ်ပေမဲ့လည်း စိုးရိမ်စိတ်က
ငယ်ထိပ်ထိတက်လာလို့ ။ ပြုစားခံနေရပြီပဲ တကယ်ကို ။

" ဟင့်အင်း သူ့ဦးလေးဆေးရုံက ကူပွန်ရထားလို့
Medical checkup "

သက်ပြင်းဖွဖွချမိတော့ ဂျယ်ယွန်းကရယ်သည်။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now