•16•

935 163 4
                                    

Unicode

" ဒါတွေနဲ့ ပတ်သက်ပြီး နင်ငါ့ကိုရှင်းပြစရာရှိတယ်မထင်ဘူးလား ဂူချန်း "

လူမရှိတဲ့ အားကစားရုံထဲ သူတို့နှစ်ယောက်သာရှိသည် ။ ဂျယ်ယွန်းရဲ့အသံတွေဟာ
တုန်ယင်နေပေမယ့် မျက်နှာအမူအရာကို
သူထိန်းချုပ်ထားဆဲ ။

အရှေ့အနောက်အနိမ့်အမြင့်စီထားတဲ့ ခုံတန်းရှည်တွေနဲ့အောက်ဆုံးနားထောင့်တစ်နေရာမှာ နှစ်ယောက်လုံးထိုင်နေမိသည် ။

" ငါ ... နင့်ကို မသင်္ကာလို့ "

" ဘာက ? "

" နင့်လို ဉာဏ်လည်းကောင်းသလို အကုန်တိတိကျကျလုပ်တတ်တဲ့သူတစ်ယောက်က
ဟိုဟာမေ့ဒီဟာမေ့ဖြစ်နေလွန်းတော့

သာမာန်ဆို .. အဲ့လောက်ထိမတွေးပါဘူး
ဒါပေမယ့် ငါတို့အိမ် password ,

နင်ကိုယ်တိုင် ဝယ်‌ပေးထားတဲ့ Christmas လက်ဆောင် ခေါင်းစီးကြိုး ,

ငါ့အမေ ငါတို့နဲ့တူတူလိုက်ဝယ်ပေးတဲ့ မှန်တင်ခုံအထိ မေ့မေ့ပျောက်ပျောက်တွေဖြစ်နေတော့ .."

" ပြောခဲ့ပါလား ! ငါ့ကိုအသိမပေးပဲ လိမ်ပြီး ဆေးစစ်တာ နင်မှန်တယ်လို့ထင်နေလား ?
ငါ့အခြေအနေကိုနင် သံသယဝင်ရင် ပြောလေ !

ဒီအတိုင်းပြောချလိုက်ရင် ဘာဖြစ်မှာမို့လည်း
ငါက နင်ငါ့ကိုအဲ့လိုမစွပ်စွဲနဲ့ဆိုပြီး ပြန်အော်မယ့်ပုံပေါက်နေလို့လား ဟမ် ဂူချန်းယောင်း ! "

နားထင်ကိုသာဖိထားပြီး ဂျယ်ယွန်းကို ဘာမှပြန်မပြောမိ ။ သူ့ကိုမဲမယ်ဆိုလည်း မဲသင့်ပါတယ် ။

ခါးထိရှည်နေတဲ့ဆံပင်ရှည်တွေကို စည်းမထားပုံအရ ချန်းယောင်းရဲ့ စိတ်အနေအထားဟာလည်း အတော်ကိုရှုပ်ထွေးနေမှန်း ဂျယ်ယွန်းလည်းသိနိုင်ပါသည် ။

" တောင်းပန်ပါတယ် ဒါပေမဲ့ ကုသမှုတော့လုပ်မယ်မလား "

ဂျယ်ယွန်းခဏငြိမ်ကျသွားသည် ။
အောက်နှုတ်ခမ်းကိုဖိကိုက်ထားပြီး မျက်မှောင်ကြုံ့ကာတစ်ခုခုကိုစဉ်းစားနေသယောင် ။

" အင်း.. ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနဲ့ ။
ငါ့မိသားစုနဲ့ အထူးသဖြင့် ... ဆောင်းဟွန်းကို
မပြောနဲ့ "

STORYTIME [SUNGJAKE ] ✓Where stories live. Discover now