" ရိပေါ် မင်းငါ့ကို အကြွေးငါးထောင်ပြန်ပေးဖို့ စိတ်ကူးမရှိ
သေးဘူးလား "ဒေါသထွက်ပြီး ရန်လိုတဲ့မျက်နှာထားနဲ့မေးလာတဲ့ အဆိုးလေး
ရှောင်းကျန့်ကို နူးညံ့ညင်သာတဲ့မျက်နှာလေးနဲ့ ရိပေါ်တစ်ချက်
ကြည့်လိုက်သည်။ ထို့နောက် အဆိုးလေးရဲ့ မျက်နှာပေါ်မှာ
သဝန်တိုနေတဲ့ အရိပ်အယောင်တွေကို ရိပေါ်အပြေးအလွှား
ရှာဖွေမိသည်။မိန်းကလေးတစ်ယောက် ဒါမှမဟုပ် ယောကျာင်္းလေး
တစ်ယောက်ယောက်နဲ့ အဆိုးလေးသတ်မှတ်ထားတဲ့အချိန်ထက် ပိုပြီး စကားပြောမိရင် " အကြွေးငါးထောင်ပြန်ပေး "ဟု
အကြွေးလာတောင်းတတ်သည်က အကျင့်တစ်ခု ။ထိုသို့ အဆိုးလေးနဲ့ရိပေါ်ကြားတွင် အကြွေးငါးထောင်သာမက
သံယောဇဉ်တစ်ခု ရစ်ပတ်တွယ်နှောင်ခဲ့သော အကြောင်းမှာ
တစ်ခုသော ဒီဇင်ဘာလရဲ့နေ့တစ်နေ့တွင်ဖြစ်သည်။ဆောင်းဝင်ပြီဖြစ်တဲ့ အေးစက်စက် ဒီဇင်ဘာလရဲ့နေ့တစ်နေ့
မှာ မုန်တိုင်း အခြေအနေကြောင့် ပေကျင်းမြို့တွင် မိုးဖွဲဖွဲလေး
ရွာသွန်းနေသည်။ မုန်တိုင်းရဲ့အငွေ့အသက်များ ရှိနေ
သော်လည်း စိုးရိမ်ရသည့် အခြေအနေ မဟုပ်သောကြောင့်
လေကြောင်းလိုင်းများပြေးဆွဲလျက်ရှိသည်။ပြေးဆွဲနေသည့်လေကြောင်းများထဲမှ Zero အမည်ရှိ
လေယာဉ်ပေါ်တွင် ပေကျင်းမြို့သို့ လိုက်ပါမည့် ရိပေါ်ဆိုသည့်
ကောင်လေးတစ်ယောက် ရှိနေခဲ့သည်။ ထိုကောင်လေးနဲ့
မလှမ်းမကမ်း မျက်စောင်းထိုးခုံတွင် ရှောင်းကျန့်ဆိုသည့်
အဆိုးလေးတစ်ယောက် လိုက်ပါခဲ့သည်သာ ။" ခရီးသည်များအားလုံး မင်္ဂလာပါရှင့်။ ကျေးဇူးပြု၍ ကျမပြော
မည့် စကားကို အနည်းငယ်မျှ နားဆင်ပေးပါရန် ဆန္ဒပြုပါ
တယ်ရှင် ။ ကျွန်မတို့ လေယာဉ်ဟာဖြင့် ရှန့်ဟိုင်းမှ ပေကျင်းသို့ ..."
YOU ARE READING
" အကြွေးငါးထောင်ပြန်ပေး " [ Complete ]
Romanceနှစ်သက်လက်ဆောင်အနေနဲ့ ရေးသားခြင်းပါ။ ဇာတ်လမ်းအရေးအသားအားလုံးက လင်းနေရဲ့ စိတ်ကူးကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Short Story ပါ__ အချိုလေးမို့ ဖတ်ကြည့်ပါ စိတ်ထဲပေါ့သွားအောင်ပေါ့။ #LinNay #Yizhan #Fiction #Romance