စားသောက်ဆိုင်ရောက်လို့. ဟင်းပွဲများမှာပြီးသည့်တိုင်
ရှောင်းကျန့် စိတ်တို့အစိုးမရ သူ့ရှေ့တွင် ထိုင်နေသည့်
ကိုယ်လူချော ရိပေါ်ဆီကိုသာ မျက်လုံးတို့က မကြာခန ရောက်နေမိသည်။ နှာတံစင်းစင်းလုံးလုံးလေးနဲ့ တောက်ပတဲ့အ
ကြည့်တို့ကို ပိုင်ဆိုင်ထာသည့် ကိုလူချောလေးရိပေါ်ကို
ရှောင်းကျန့် အကြည့်တို့မခွာချင်လောက်အောင် မသိစိတ်တို့်က စတင်၍စွဲလန်းလာခဲ့သည်။" ဟူး .. ရှောင်းကျန့် ကိုယ့်ဣနြေ္ဒကို ကိုယ်ပြန်ထိန်းစမ်း......
မရှိတဲ့ အရှက်တွေ ကွဲခြင်လို့လား "ပါးစပ်ထဲမှ လေပူကိုတစ်ချက်မှုတ်ထုတ်လျက် ညည်းတွားနေ
ခြင်းဖြစ်သည် ။မျက်နှာအမူအရာ အမျိုးမျိုးနဲ့ တစ်ယောက်တည်း ပွစိပွစိပြော
နေသည့် ယုန်သွားပိုင်ရှင်လေးကို ရိပေါ်တစ်ချက်တစ်ချက်
ငေးကြည့်နေမိသည်။ အစားအသောက်စားနေတဲ့ ပုံစံလေးမှအစ ဝင်သက်ထွက်သက်အထိ ချစ်ဖို့ကောင်းနေတာမို့
ရိပေါ် အပိုင်သိမ်းချင်စိတ်ပေါက်လာသည်။" အင်း .. ငါဒီယုန်ပေါက်ကို ဘယ်လိုရအောင်ကြံရပါ့မလည်း.
ငါ့ရဲ့ နှလုံးသားလေးကလည်း Limited Edition For Xiao Zhan လို့ ပြောနေပြီ.. .ငါတော့ ဒုက္ခဘဲ "( Limited Edition တဲ့ လိပ်မတွေရေ 😱😱 )
ထိုသို့ တစ်ယောက်တစ်မျိုး အတွေးကိုယ်စီနဲ့ Waiterချပေးလာသော ဟင်းပွဲများကို စားနေကြခြင်းဖြစ်သည်။ "ခဏတာ
တွေ့ဆုံမှုလေးက စစ်မှန်တဲ့ အချစ်ဖြစ်ပေါ်လာခြင်းကို
၂ယောက်သား အံသြ၍မဆုံး " ထိုအချစ်ကိုလည်း မျက်လုံးမှ
တစ်ဆင့် ခံစားတို့ထိမိနေကြပြီးဖြစ်သည်။" ကော " ထင်မှတ်မထားဘဲ ခေါ်လိုက်တဲ့ ရိပေါ်ရဲ့ စကား
လေးကြောင့် ရှောင်းကျန့်ရင်တွေ ထိုးဆောင့်ခုန်သွားရသည်။
" ကောတဲ့လား " ရှောင်းကျန့် ရှက်စိတ်ကြောင့် မျက်နှာလေး
ပင် နီသွားရသည်။
YOU ARE READING
" အကြွေးငါးထောင်ပြန်ပေး " [ Complete ]
Romanceနှစ်သက်လက်ဆောင်အနေနဲ့ ရေးသားခြင်းပါ။ ဇာတ်လမ်းအရေးအသားအားလုံးက လင်းနေရဲ့ စိတ်ကူးကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Short Story ပါ__ အချိုလေးမို့ ဖတ်ကြည့်ပါ စိတ်ထဲပေါ့သွားအောင်ပေါ့။ #LinNay #Yizhan #Fiction #Romance