ဆောင်းရာသီရဲ့ နှင်းဖြူပွင့်ချပ်လေးများကြားမှာ စတင်ခဲ့တဲ့
အချစ်ခရီးလမ်းလေးဟာ ရော်ရွက်ဝါတို့ကြွေချိန် နွေဦးရာသီသို့ပင် ဆိုက်ရောက်လာခဲ့လေပြီ။ ရာသီတစ်ရာသီစာ
ချစ်မြတ်နိုးခဲ့တဲ့ ကောင်လေး၂ယောက်ရဲ့အချစ်နဲ့ သံယောဇဉ်
နှောင်ကြိုးတို့က ကြီးထွားသထက်ကြီးထွားကာ ခိုင်မြဲစွာလည်း
တုပ်နှေင်လို့လာခဲ့ပြီ။၂ဦးသားအတူရှိချိန်ကြာလေလေ အတိတ်ဘဝရဲ့ ပုံရိပ်တို့သည်လည်း ခေါင်းထဲပေါ်လာလေလေဖြစ်သည်။
" ကိုယ့်ထက် နှစ်ပေါင်း ၆၀၀ငယ်တဲ့ ခြင်္သေ့တစ်ဖြစ်လည်း
အသွင်ပြောင်းလူသားကို ချစ်လို့မရဘူးလား ___
ယုန်ဆိုတဲ့အမျိုးက ခြင်္သေ့တွေရဲ့အစာမှန်ပေမယ့် ငါသူ့ကို
မကြောက်ဘူး __ အဲ့လိုမကြောက်တဲ့အပြင် ပိုလို့တောင်
ချစ်နေမိသေးတယ် "ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ မက်မက်စက်စက်အိပ်ပျော်နေရာမှ
အိပ်မက်တစ်ခုကြောင့် ရှောင်းကျန့် လန့်၍နိုးလာခဲ့သည်။
အိပ်မက်ထဲမှာ ရှောင်းကျန့်တွေ့လိုက်ရတဲ့လူက သူအရမ်းကိုမှ
ချစ်မြတ်နိုးရတဲ့ ရိပေါ်နဲ့တစ်ပုံစံတည်းတူနေသည်ကို အံသြ၍
မဆုံးနိုင် ၊ ပို၍ နားမလည်နိုင်သည်က တိရစ္ဆာန်တွေ
လူအသွင်ပြောင်းကာ နေထိုင်ခြင်းကို ရှောင်းကျန့်
မယုံကြည်နိုင်ခြင်းဖြစ်သည်။ သို့သော် အဖြစ်အပျက်များက
ကိုယ်တိုင် ဖြစ်ပျက်နေသကဲ့သို့ ခံစားရသောကြောင့်
ရှောင်းကျန့် ပို၍အခက်တွေ့နေရသည်။" ကော __ အိပ်လို့မပျော်ဘူးလား အိပ်မက်ဆိုးတွေမက်ပြန်တာထင်တယ် __ ကြည့်ပါဦး ချွေးစေးတွေလည်းထွက်လို့ "
နူးညံ့ညင်သာတဲ့ စကားနဲ့အတူ ရှောင်းကျန့် မျက်နှာတစ်ဝိုက်
်နှင့် ခန္ဓာကိုယ်အနှံ့ရှိ ချွေးစေးများကို ရိပေါ်တယုတယနဲ့
သုတ်ပေးနေသည်။" ရိပေါ် ကောလေ အရင်လိုဘဲ ထပ်မက်ပြန်ပြီ __ တစ်ကယ်ဘဲ အိပ်မက်က ဘာကိုပြောချင်နေမှန်း ကောမတွေးတတ်
တော့ဘူး "
YOU ARE READING
" အကြွေးငါးထောင်ပြန်ပေး " [ Complete ]
Romanceနှစ်သက်လက်ဆောင်အနေနဲ့ ရေးသားခြင်းပါ။ ဇာတ်လမ်းအရေးအသားအားလုံးက လင်းနေရဲ့ စိတ်ကူးကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Short Story ပါ__ အချိုလေးမို့ ဖတ်ကြည့်ပါ စိတ်ထဲပေါ့သွားအောင်ပေါ့။ #LinNay #Yizhan #Fiction #Romance