ထင်မှတ်မထားတာတွေဖြစ်လာခဲ့တဲ့ ကောင်လေး၂ယောက်
အဖို့ ထိုနေ့ညကအိပ်မပျော်ကြဘဲ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိအောင် မေးမြန်းစပ်စုကြရင်းသာ ရှည်းလျား
သည့် ညာတာခရီးကို အချိန်ကုန်ခဲ့သည် ။ မနက်မိုးသောက်
အလင်းဆောင်တော့ အိပ်ယာမှထကာ ကိစ္စကြီးငယ်
လုပ်ပြီးသည်နဲ့ သူတော်စင် နေထိုင်ရာ ဥယျာဉ်တော်သို့
ခရီးနှင်ခဲ့ကြသည်။ လမ်းတစ်လျှောက်လည်း စကားတွေ
ပြောကြရင်းပေါ့။သူတော်စင်နေထိုင်တဲ့ ဥယျာဉ်နဲ့နီးလေ ၂ယောက်သား
သိချင်စိတ်ပြင်းပြလေဖြစ်ကာ လမ်းသွက်သွက် လျှောက်လာ
ခဲ့ကြသည်။ သူတော်စင်မှာ ၂ဦးသားလာနေသည်ကို
ကြိုသိနေ၍ ဥယျာဉ်ရှေ့၌ ထွက်၍ စောင့်ကြိုနေသည်။" ၂ယောက်သား ကြည့်ရတာ ကိစ္စကြီးသိသွားပုံဘဲ ..
ကဲကဲ လာလာ အရင်ဆုံး အနားယူကြအုံး ပြီးတော့မှ
စကားဆက်ကြတာပေါ့ကွယ် "" ဆရာကြီးဗျ ကျွန်တော်တို့ နားထောင်ရင်း နဲ့ နားပါ့မယ်
ဆရာကျွန်တော်တို့ကို ပြောမှာဖြင့်သာ ပြောပြပါ "" အင်း ဒီက ဒကာလေး ရိပေါ်က သိချင်စိတ်တွေ အားပြင်း
နေတယ်ဆိုတော့ ဆရာ ပြောပြရတာပေါ့ "ဒကာလေး ရှောင်းကျန့် နဲ့ ဒကာလေး ရိပေါ်တို့က ကံကြမ္မာရဲ့
အလိုတော်အရ တွေ့ဆုံဖို့ဖြစ်တည်လာတဲ့သူတွေဘဲ ၊
ဘဝအဆက်ဆက်ရဲ့ ပဋ္ဌာန်းဆက်တွေကြောင့်လို့လည်း
ပြောလို့ရတယ် ၊ အဲ့ဒီ့လို အကြောင်းတရားတွေ စုပေါင်းပြီး
အခုလိုတွေ့ဆုံစေတာဘဲ ။ဒကာလေး ရှောင်းကျန့်ရဲ့ ဥယျာဉ်တော်မှာရှိတဲ့ ရေပန်းက
ဘာလို့ ရိပေါ်အပေါ်မှာမှ သက်ရောက်ရတာလည်း ၊
ဘာလို့ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ တစ်ခါမှ
မတွေ့ဘူး မမြင်ဘူး တဲ့ ရှောင်းကျန့်ကိုမှ မက်ရတာလည်း၊
ဒီအကြောင်းတွေအားလုံးရဲ့ အဖြေကတော့ မင်းတို့ ၂ယောက်
ဟာ ဒီဘဝတင်မက နောင်ဘဝပေါင်းများစွာအထိ
ကြင်ဖော်ကြင်ဖက်အဖြစ် ကံဇာတာ ပါနေလို့ဘဲ။
YOU ARE READING
" အကြွေးငါးထောင်ပြန်ပေး " [ Complete ]
Romanceနှစ်သက်လက်ဆောင်အနေနဲ့ ရေးသားခြင်းပါ။ ဇာတ်လမ်းအရေးအသားအားလုံးက လင်းနေရဲ့ စိတ်ကူးကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Short Story ပါ__ အချိုလေးမို့ ဖတ်ကြည့်ပါ စိတ်ထဲပေါ့သွားအောင်ပေါ့။ #LinNay #Yizhan #Fiction #Romance