အတိတ်ဘဝရဲ့ဇာတ်ကြောင်းအဖြာဖြာကို ၂ယောက်သား
သိပြီးချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ခါတိုင်းရက်
တွေထက် တိုး၍ချစ်ကြသည်။ ချစ်တယ်ဆိုတာထက် ပိုချစ်ကြလို့ပေါ့။ဒီနေ့က ရှောင်းကျန့်နဲ့ရိပေါ် ရဲ့ တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေး ၊ အဲ့နေ့လေးမှာ ကုသိုလ်ကောင်းမှုတွေလုပ်ကြ
ဆုတောင်းကြလို့ပေါ့ ။ ရိပေါ်ကလည်း သူ့ကော နှုတ်ကနေ
ထွက်ကျလာတဲ့ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးတယ်။
မျက်နှာတစ်ချက်အညှိုးမခံဘူး။ သူ့ကောရဲ့ အစစအရာရာ
မှန်သမျှ ၊ ဝေယျာဝစ္စမှန်သမျှကို ကောအစားသူဘဲလုပ်တော့တယ်။ဘာမှမလုပ်ရတဲ့ ရှောင်းကျန့်ကတော့ သူ့ရဲ့လင်တော်မောင်ကို
ကြည့်ပြီး ပီတိဖြာလို့ပေါ့။ နှစ်ပတ်လည် နေ့လေးမှာလည်း
တောင်ပေါ်မှာ တဲထိုးပြီး အဲ့ဒီညလေးကို ဖြတ်သန်းချင်တယ်ဆိုလို့ ရိပေါ်တစ်ယောက် လိုက်ပို့ရလို့ပေါ့။" ကော .. ကော တောင်ပေါ်သွားချင်တာ သေချာတယ်နော် "
" ရိပေါ်ကလည်းကွာ ကောသေချာနေလို့မှ ရောက်တော့မဲ့ဟာ
ကို "" အင်းပါ..ကျွန်တော်က ကောအအေးမိနေမှာစိုးလို့ပါ "
" ရိပေါ်မှာ အဲ့လောက် အနွေးဓာတ်တွေရှိနေတဲ့ဟာ ကောက
ဘာကိစ္စ အအေးမိရမှာလည်း "" အားးးး ကြွေတယ် ကောရာ "
ဒီလို စကားချိုချိုလေးတွေပြောတတ်တဲ့ကောကြောင့် ရိပေါ်
အချစ်ပိုရပြီး အလိုလိုက်နေရခြင်းဖြစ်သည်။ရောက်ပါပြီ ။ ရှောင်းကျန့် သွားချင်နေတဲ့ တောင်ပေါ်ဒေသလေး။ တဲထိုးမည့်နေရာကိုရောက်သည်နဲ့ ရှောင်းကျန့်
ကားပေါ်မှ ဆင်းကာ ကလေးလေးတစ်ယောက်လို
အူမြူးးနေပြီး ဟိုသွားဒီလာလုပ်နေသည်။ရိပေါ်ကတော့ သူ့ ကောနေဖို့ရာ တဲထိုးလို့ပေါ့။ တဲထိုးနေတာကို မြင်တဲ့ ရှောင်းကျန့်ကတော့ သဘာဝတရားကြီးကို
စပ်စုနေတာရပ်ပြီး ရိပေါ်ထံပြေးလာခဲ့သည်။
YOU ARE READING
" အကြွေးငါးထောင်ပြန်ပေး " [ Complete ]
Romanceနှစ်သက်လက်ဆောင်အနေနဲ့ ရေးသားခြင်းပါ။ ဇာတ်လမ်းအရေးအသားအားလုံးက လင်းနေရဲ့ စိတ်ကူးကို ပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ Short Story ပါ__ အချိုလေးမို့ ဖတ်ကြည့်ပါ စိတ်ထဲပေါ့သွားအောင်ပေါ့။ #LinNay #Yizhan #Fiction #Romance