Extra Part - 2

252 31 3
                                    

လွန်​ခဲ့တဲ့ နှစ်​​ပေါင်းများစွာက " ဓူဝံ " အမည်​ရှိ​သော​တောအုပ်​ထဲတွင်​ သားရဲတိရစ္ဆာန်​​ပေါင်းများစွာသည်​ ကျက်​စားကျင်​လည်​၍ ​နေထိုင်​ကြသည်​။

ထိုထဲတွင်​ နှစ်​တစ်​သိန်းရှိ​သော သားရဲများမှာလူအသွင်
ပြောင်း​လဲနိုင်​ကြပြီး လူသားအသွင်​ဖြင့်​ပင်​​နေထိုင်​ကြသည်​။
သို့​သော်​ " ဓူဝံ "​တောအုပ်​ထဲမှအပ ဘယ်​မှမသွားကြ၊
တိတ်​ဆိတ်​ခြင်း နဲ့ ​အေးချမ်းခြင်းကိုနှစ်​သက်​၍ ​တောအုပ်​ထဲတွင်​ ​နေထိုင်​ကြခြင်းဖြစ်​သည်​။

ထိုအသွင်​​ပြောင်းလူသားများထဲတွင်​ " ​ပျော်​ရွှင်​ခြင်း "
ဥယျာဉ်​​တော်​ကို ပိုင်​ဆိုင်​​သော ​ရှောင်းကျန့်​မှာ ယုန်​မှ
ှအသွင်​​ပြောင်းယူထားခြင်းဖြစ်​ပြီး ကြင်​နာ​သောနှလုံးသားရှိသူ
ဆရာ​ရှောင်းဟူ​သော အမည်​နာမနဲ့ ထင်​ရှား​ကျော်​ကြားသည်​။

တစ်​​နေ့​သော ည​နေခင်းတွင်​ ​ရှောင်းကျန့်​သည်​ ဥယျာဉ်​​တော်​မှထွက်​၍ ​တောအုပ်​ထဲတွင်​ လမ်း​လျှောက်​ရာ " ​ရေဆန်​ "
မြစ်​​ဘေးတွင်​ ခြ​င်္သေ့တစ်​​ကောင်​ လဲကျ​မေ့​မျော​နေသည်​ကို
တွေ့ရ၍ ​ရှောင်းကျန့်​ အ​ပြေးအလွှား နဲ့ ထိုအနားသို့ သွားလိုက်​သည်​။

ရှောင်းကျန့်​ ခြ​င်္သေ့အနား​ရောက်​​တော့ ရန်​မူမည်​စိုး၍ အနားသို့
ချက်​ချင်းမကပ်​ရဲ​ပေ။ " ကျွန်​​တော့်​ကို ကယ်​ပါ "ဟူ​သော
အသံကြားရမှ ​ရှောင်းကျန့်​ အသိဝင်​လာကာ ဥယျာဉ်​​တော်​သို့
ခေါ်​ဆောင်​လာခဲ့​တော့သည်​ ။

ထို့​နောက်​ ​တောအုပ်​အစွန်​တွင်​ရှိ​သော သူ​တော်​စင်​ကိုပင့်​ပိတ်​ကာ ခန္ဓာကိုယ်​​ပေါ်ရှိ ဒဏ်​ရာများကို ကုသ​စေသည်​။

" ဆရာ .. အခုလိုလာ​ရောက်​ ကုသ​ပေးတဲ့အတွက်
ကျေးဇူးတင်​ပါတယ်​.. ​နောက်​ ဆရာအကူအညီတစ်​ခုခု
လိုအပ်​လာရင်​လည်း ကျွန်​​တော့်​ကို အကူအညီတောင်းနိုင်​ပါတယ်​ "

" ဆရာတို့က တစ်​​မြေတည်း​နေတစ်​​ရေတည်း​သောက်​​တွေပဲ
အချင်းချင်း ကူညီရမှာ​ပေါ့ ဒကာ​လေး အားနာလွန်​​နေပြီ၊
လိုအပ်​တာက ဒကာ​လေး သူ့ကို ​သေချာကရုစိုက်​​ပေးဖို့ဘဲ၊
ကဲ ဆရာသွားပြီ လိုက်​မပို့နဲ့​တော့ "

" အ​ကြွေးငါး​ထောင်​ပြန်​​ပေး " [ Complete ]Where stories live. Discover now