Part - 5

1.9K 323 59
                                    

[Unicode]

ရှောင်းကျန့် တွေးထားသည့် သူနှင့်ရိပေါ်၏ အနာဂတ်က ရိုးရိုးလေးပင်ဖြစ်သည်။ မျိုးနှောများအတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလှသည်မို့ကျောင်းပြီးလို့ သူ့အုပ်ထိန်းမှုအောက်မှ မလွတ်သေးခင် ရိပေါ်ကို လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့နိုင်သည့် အလုပ်ကလေးတစ်ခုတော့ ရစေချင်သည်။ ရှားပါးမျိုးနွယ်မို့ မည်သို့ပင် အခွင့်ထူးခံရသည်ဟု ဆိုစေကာမူ ဒီအသိုင်းအဝိုင်းတွင် ကျင်လည်နေသည့်နောက်တော့ ရိပေါ်ကို လူရိုသေရိုသေ အလုပ်အကိုင်လေးနှင့် ဖြစ်စေချင်သည်။ အဲဒီနောက်တွင်တော့ စင်တာမှာပဲနေနေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အိမ်ခွဲပဲနေနေ ရိပေါ်သဘောပေါ့။ ရှောင်းကျန့်ကတော့ ရိပေါ်နှင့် တစ်ပတ်တစ်ခါ ရုံးပိတ်ရက်တွေမှာ ညစာအတူစားရင်း၊ တစ်ပတ်တာအတောအတွင်း ကြုံတွေ့ခဲ့ရသည့် ရယ်စရာမောစရာတွေကို မျှဝေရင်း၊ တစ်ခါတစ်လေတော့လည်း စိတ်ကူးထဲက ရိပေါ်အလုပ်လုပ်သည့် ရုံးခန်းကို လိုက်လည်ရင်း၊ ဒီလိုနဲ့ အေးအေးချမ်းချမ်း တစ်ပတ်ပြီးတစ်ပတ် ကုန်ဆုံးသွားဖို့ ရည်ရွယ်ထားခဲ့ဖူးသည်။

ကျော်လွန်ပြီးအသက်ရှင်ဖို့ ခဲယဉ်းသည်ဟု ရှောင်းကျန့်ကို သတိပေးခဲ့ဖူးသည့် ရိပေါ်၏အသက် ဆယ့်နှစ်နှစ်အရွယ်ကို နှစ်ယောက်သား အခက်အခဲမရှိ ဖြတ်ကျော်လာပြီးသည့်နောက်တော့ တခြားဘာကိုမှကြောက်စရာရှိတော့မည်မဟုတ်ဟု ရှောင်းကျန့်ထင်ခဲ့ဖူးသည်။ အခုလိုမျိုး အသက်အန္တရာယ်အတွက် ရတက်မအေးဖြစ်နေရလိမ့်မည်ဟု ရှောင်းကျန့်အိပ်မက်ထဲပင် ထည့်မမက်ဖူးခဲ့။ ဒီလောက်တောင် သံယောဇဉ်တွေတွယ်ပြီးကာမှ ရိပေါ်မရှိသော အနာဂတ်တစ်ခုကို ရှောင်းကျန့်စိတ်ကူးပင် မယဉ်ချင်တော့။ ဒီအချိန်မှာ ရှောင်းကျန့်အတွက် အရာအားလုံးထက် ရိပေါ်အသက်ရှင်နိုင်ဖို့က နံပတ်တစ် အရေးအကြီးဆုံးပင်ဖြစ်သည်။ ရိပေါ်အသက်ဆက်ရှင်ဖို့အတွက်သာဆို ဘာကိုပဲလုပ်ရလုပ်ရ ရှောင်းကျန့်တွန့်ဆုတ်နေလိမ့်မည် မဟုတ်တော့။

~•~

ရိပေါ်တွေးထားသည့် သူနှင့်ကိုကို၏အနာဂတ်က ရိုးရိုးလေးပင်ဖြစ်သည်။

Call of the JaguarWhere stories live. Discover now