Part - 6

2.6K 293 30
                                    

[Unicode]

ရက်သတ္တပတ်တစ်ခုက ပြက္ခဒိန်ထဲမှ ကဆုန်ပေါက် ပြေးလွှားထွက်ပြေးသွားသည်။ အချိန်တွေ အကုန်မြန်လွန်းသည်ဟု ခံစားနေရသည်မှာ အနာဂတ်တွေ မသေချာလွန်းလို့ပဲလား ဒါမှမဟုတ် ဘဝအတွက် လက်တွဲဖော်ကို ရှာတွေ့သွားလို့ပဲလား။ အိပ်မက်အလား ချိုမြိန်ယစ်မူးဖွယ် နာရီစက္ကန့်တွေက တမ်းတမ်းတတ ဆွဲငင်ဆုပ်ယူပြီး မလွှတ်ပေးချင်လောက်အောင်။

ရွှမ်လုက နှစ်ရက်သုံးရက်လောက် အဖျားရှိန်လေး ရှိနေဦးမယ်ဟု သတိပေးလိုက်သော်လည်း ဝမ်ရိပေါ်တစ်ယောက်က တစ်ညအိပ်လိုက်သည်နှင့် လန်းလန်းဆန်းဆန်းပြန်ဖြစ်လာခဲ့သည်။ မကြာသေးခင်က စမ်းသပ်ခန်းကုတင်ပေါ်တွင် အစမ်းသပ်ခံသတ္တဝါတစ်ကောင်လို မချိမဆံ့ခံစားခဲ့ရသည်မှာ သူမဟုတ်သည့်အလား။ ဝေဒနာအဆုံးတွင် ရရှိခဲ့သောအနမ်းတစ်ပွင့်က ရေစင်ချမ်းပမာ နာကျင်ခံစားရမှုတွေကို စုပ်ယူနိုင်ပစ်လိုက်သလို။ အရာအားလုံးအတွက် ထိုက်တန်နေခဲ့သည်။

ရွှမ်လုကတော့ အကောင်းဘက်ကသာ တွေးဖို့ပြောသည်။ တစ်ကြိမ်ဖြတ်ကျော်ပြီးပြီဆိုသည့် အဓိပ္ပာယ်က ရိပေါ်အတွက် ကိုက်ညီသည့်ဆေးရဖို့ တစ်ကြိမ်တိုး၍ နီးစပ်လာသည့်သဘောသာဖြစ်သည်ဟု အားပေးသည်။ နောက်တစ်ကြိမ်အတွက် ဆေးအဆင်သင့်ဖြစ်လျှင် တစ်ပတ်ကြိုအသိပေးမည်ဟုပါ ပြောသွားသည်။ ရှောင်းကျန့်ကတော့ အစက ခေါင်းတစ်ခါခါပင်။ ရိပေါ်ကို ဘယ်လိုမှ နောက်တစ်ကြိမ် ဒီလိုမျိုး ဝေဒနာခံစားခိုင်းဖို့ မဖြစ်နိုင်တော့။ တစ်ခြားနည်းလမ်းတစ်ခု ရှိမှာပါ၊ ကျွန်တော်တို့ သေချာရှာကြည့်ရင် တစ်ခြားနည်းလမ်းတစ်ခုခု ရှိဦးမှာပါ၊ မဟုတ်ဘူးလား၊ ရှောင်းကျန့်အားကိုးတကြီးမေးတော့ ရွှမ်လုရော ဟိုင်ခွမ်းပါ နှုတ်ဆိတ်နေကြသည်။ ဒီနည်းလမ်းမှအပ မရှိဆိုသည့် အဓိပ္ပာယ်ပင်။ ရှောင်းကျန့် လက်မလျှော့နိုင်သေး။ ရွှမ်လုပြောသည့် အခြားနိုင်ငံများမှ ဆေးဝါးဆိုသည်ကို အင်တာနက်ပေါ်တွင် ရှာကြည့်မိသေးသည်။ ဒါပေမယ့်လည်း အစအနပင် ရှာမတွေ့ခဲ့။ သာမာန်မိသားစုတွင်မွေး၍ကြီးပြီး ကျောင်းဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလာသော ရှောင်းကျန့်အဖို့ အဆက်အသွယ်တွေ ရှိနေဖို့ ဆိုသည်မှာလည်း ဝေလာဝေးပင်။ တကယ် ဒီနည်းလမ်းကလွဲမရှိတော့ဘူးလား။

Call of the JaguarWhere stories live. Discover now