Part - 2

9K 1K 265
                                    

[Zawgyi]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Zawgyi]

သည်နှစ်ဆောင်းက ခါတိုင်းနှစ်များထက် အအေးပိုခဲ့သည်။ ဆောင်းနှောင်းပိုင်းသို့ ကူးလာလေလေ ပို၍ အေးလာလေလေပင်။ အအေးဒဏ်သိပ်မခံနိုင်သော ရှောင်းကျန့်အတွက်တော့ နှင်းများဖွေးနေအောင် ကျသောရက်များက ငရဲလိုခံရခက်လွန်းသည်။ နေ့ဘက်ဆိုလျှင် အဝတ်များနှင့်တစ်ကိုယ်လုံး လုံနေအောင်ထွေးထားသည့်တိုင် အပြင်ထွက်ဖို့ နာရီဝက်တစ်နာရီအားယူရသည်။ ညဘက်ဆိုလျှင်ပိုဆိုးတော့သည်။ အပူပေးစက်ကိုဖွင့်၊ ခြေအိတ်လက်အိတ်များကို ထူထူဝတ်၊ စောင်ကို အထပ်ထပ်ခြုံထားသည့်တိုင် မည်သည့်နေရာမှ စိမ့်ဝင်လာမှန်းမသိသည့် အအေးဓာတ်တို့က တစ်ကိုယ်လုံးသို့ တစိမ့်စိမ့်လွှမ်းခြုံလာမြဲ။ ခြေတွေလက်တွေ ထုံကျင်ကိုက်ခဲလာသည်အထိ ပြင်းထန်သောအအေးဓာတ်ကြောင့် ဆောင်းတွင်းဆိုလျှင် ရှောင်းကျန့်အမြဲအိပ်ရေးပျက်ရသည်။ အေးလွန်း၍ နိုးလာပြီး ပြန်အိပ်မရတော့သည်မှာ ဆောင်းရောက်တိုင်းပင်ဖြစ်သည်။

ရိပေါ်အိမ်ကိုရောက်ပြီးသည့်နောက်ပိုင်းတွင်တော့ ဆောင်း၏ရက်စက်သော အအေးဒဏ်ကို ရှောင်းကျန့်အနည်းငယ်လျော့၍ ခံစားရသည်။ ရိပေါ်ငယ်စဉ် ရှောင်းကျန့်နှင့်တစ်ခန်းတည်း တူတူအိပ်နေသေးသော အချိန်များတုန်းက ဆောင်းရောက်ပြီဆိုလျှင် တင်းတင်းဖက်ထားသော ရိပေါ်ဆီမှကိုယ်ငွေ့နွေးနွေးက ဂျောင်ကြိုဂျောင်ကြားမှတိုးဝင်လာသော အအေးဓာတ်များကိုပင် ဖုံးလွှမ်းနိုင်သည်အထိ နွေးထွေးနေခဲ့သည်။ ရိပေါ်ကြီးလာ၍ အခန်းသတ်သတ်စီစဉ်ပေးပြီးသည့်နောက်ပိုင်းတွင်တော့ ရှောင်းကျန့်၏ဆောင်းရက်များထဲ အရင်လိုပင် အိပ်မပျော်နိုင်သောညများ တိုးပွားလာခဲ့သည်။ တစ်ခါတစ်ရံ ဘယ်လိုမှ သည်းမခံနိုင်တော့သည့်ရက်မျိုးတွင်တော့ ရှောင်းကျန့်က ရိပေါ်ကိုပင် အားနာနာနှင့် နှိုးကာ မိမိအခန်းထဲ ခေါ်သိပ်ရသော ညများရှိလေသည်။

Call of the JaguarWhere stories live. Discover now