|| Zawgyi ||
အတွင်းလေ့ကျင့်ရေးကွင်းထဲမှာ ရိပေါ်နဲ့ရှောင်းကျန့် လေ့ကျင့်နေကြတုန်းအပြင်က ဂျူ နီယာလေးတွေလာချောင်းနေကြတယ်။ ဘာလို့ဆိုရိပေါ်ရဲ့ လေ့ကျင့်ပေးတာတွေကို သိပြီးသူတို့အရင်ခံနိုင်အောင်လေ့ကျင့်ထားချင်လို့ပင်။ မဟုတ်ရင်ရိပေါ်သူတို့ကို လေ့ကျင့်ပေးဖို့ရွေးလိုက်ရင် တစ်ပတ်လောက်အိပ်ရာထဲလဲနေမှာစိုးလို့ပင်...ဒါမဲ့သူတို့ခိုးကြည့်တာ မမြင်ရပေမဲ့ အသံတွေတော့ကြားနိုင်သေးသည်။ ကြားလိုက်ရတဲ့အသံတွေကြောင့် ဂျူ နီယာလေးတွေမျက်နှာမှာ ဖြူ လိုက်နီလိုက်ပင်...
" ခေါင်းဆောင် အား...ဟူး....တော်ပြီ ဆက်မလုပ်နိုင်တော့ဘူး အင်း...."
"အခုမှ လေးခါဘဲ့ရှိသေးတာကို လုပ်စမ်း....အပြင်ကကောင်တွေ လေ့ကျင့်ချင်နေတာလား....!!! "
အထဲက ခေါင်းဆောင်ရဲ့ဟောက်သံကြောင့် အပြင်ကဂျူ နီယာလေးတွေလန့်ပြီး တစ်ချိုးတည်းပြေးသွားတော့တယ်။ အထဲမှာကတစ်ကယ်တော့ ကွင်းကိုပတ်ပြေးခိုင်းတာပင်။ ပြေးရုံတင်မကအလေးတုံးတွေကိုပါ တစ်ခါတည်းမခိုင်းသေးသည်။ ရှောင်းကျန့် ကမနေနိုင်စွာ
"ခေါင်းဆောင် အလေးတုံးတွေက နည်းနည်းများနေသလိုဘဲ့ "
"တော်စမ်း ဆက်ပြေးပြောမနေနဲ့ "
"အား ခေါင်းဆောင် ခေါင်းဆောင်မှာအကျီ င်္မှာအမှုန်လေးကပ်နေတယ် "
.ပြောရင်းအလေးတုံးကြီးကိုပြစ်ချပြီး ရိပေါ်ရဲ့ပုခုံကိုပွတ်သုပ်ပေးလိုက်တယ်။ ထိုနီးကပ်နေတဲ့အနေအထားမှာ ရိပေါ်ရဲ့နှာခေါင်းထဲ အနံတချို့ပျံလွှင့်လာတယ်။ ဒီအနံကသိပ်ကိုရင်းနှီးလွန်းပြီး သူရှာနေတဲ့လူတစ်ယောက်ရဲ့အနံပင်။ ဒါမဲ့ကွင်းတစ်ခုလုံးမှာ သူနဲ့ရှောင်းကျန့် နှစ်ယောက်ထဲ နှစ်ယောက်လုံးကလည်း Alpha ဒါကြောင့်ရိပေါ် အမှတ်တမဲ့နေလိုက်တယ်။
" ဟီး...ခေါင်းဆောင်ရေ ဟိုး.....ကနာရီကြည့်လိုက် 11:30AM ဖြစ်ပြီ ကျွန်တော့်ဗိုက်လေးထဲက တဂြီဂြီတဲ့ဗ် သနားစရာမကောင်းဘူးလား "
ရိပေါ် ထိုကောင်လေးကိုထူးဆန်းသလိုကြည့်လိုက်တယ်။ သူ့ကိုဒီလိုပြောရဲတဲ့သူတစ်ယောက်မှမရှိ။ ဒါမဲ့ ဒီကောင်လေးကချစ်ဖို့ကောင်းတာတော့အမှန် ဒီလို Alpha တစ်ယောက်ရှိမယ်လို့တောင် ရိပေါ် မတွေးဖူးချေ။ နောက်ဆုံးပြောစရာတစ်ခွန်းကတော့ ရိပေါ် သူ့အလိုကိုလိုက်ပေးနေမိတယ်။
ESTÁS LEYENDO
Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)
FanficII Zaw & Uni II Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung (D.W) ✴✴✴✴✴✴✴✴ Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung(D.W)