Part [ 14 ]

6.7K 652 0
                                        

|| Zawgyi ||

[ နောက်ကွယ်ကလူတစ်ယောက် ]

" ဟွန်း black အဖွဲ့တဲ့လား အသုံးမကျတဲ့omega တွေကိုပါထည့်ထားတဲ့ အဖွဲ့သေးသေးလေးဘဲ့ကို "

" ဒုန်း...!!"

ရိပေါ် သတ္တုနဲ့လုပ်ထားတဲ့ စားပွဲခုံကြီးကိုထုချလက်နဲ့ ထုချလိုက်တယ်။ ထို့နောက်ရိပေါ်က တစ်ချက်ရယ်လိုက်သည်။ ထိုရယ်သံနဲ့ အမူအယာတွေကြောင့် ပတ်ဝန်းကျင်လေထုတောင်အေးစက်လာတယ်။ ရိပေါ် ဘက်ကနေဗိုလ်ချုပ်ရန် ဘက်ကိုပြောင်းသွားတဲ့ အိမ်တော်ခေါင်းဆောင်တွေက စတင်ကြောက်ရွံလာတယ်။ ရိပေါ်က

" ဟက်...အသုံးမကျတဲ့ ဆိုတဲ့စကားလား...သိပ့်ကိုရွေးပြောတတ်တာဘဲ့ ကောင်းပြီရှေ့တန်းမှာ အသုံးမကျတဲ့အဖွဲ့ကာ ဘယ်လိုပညာပေးမလဲစောင့်ကြည့်နေလိုက်..... "

ရိပေါ်ရဲ့ကြောက်စရာမျက်လုံးတွေက သစ္စာဖောက်သွားတဲ့ခေါင်းဆောင် တစ်ယောက်ခြင်းစီကိုလိုက်ကြည့်နေပြီး နောက်ဆုံးရှောင်းအိမ်တော်ရဲ့ သခင်အရှေ့ကိုရောက်သွားတယ်။ ရှောင်းသခင်ကြီးကခေါင်းကိုမသိမသာလေး ညိမ့်ပြသည်။ ရိပေါ်ကလည်းတစ်ချက်ညိမ့်ပြလိုက်ပြီး အုပ်ချုပ်သူကိုအလေးပြုကာ ထွက်သွားတော့တယ်။

** ပေါက်စ ကိုယ်မင်းကိုယ်မလိုက်စေချင်ပေမဲ့ လိုက်ခိုင်းရတော့မယ်ထင်တယ် **

ရိပေါ်ထွက်သွားတော့ ခေါင်းဆောင်တွေမျက်လုံးက ရိပေါ်ရိုက်ခဲ့တဲ့သတ္တုစားပွဲခုံကြီးဆီ ရောက်သွားတယ်။ သတ္တုစားပွဲကြီးမှာ လက်ဝါးယာကြီးတစ်ခုပေါ်နေတာကြောင့် အားလုံးအသက်ကိုအောင့်ထားမိလိုက်သည်။....

ရှောင်းကျန့်မှာတော့ အခန်းထဲစောင့်နေဆိုတဲ့ စကား​ကြောင့် အခန်းထဲမှာ ပေါ်ပီနဲ့ကျန့်ပီလေးနှစ်ယောက်နဲ့အတူ စောင့်နေလေရဲ့ ကျန့်ပီက

" ကျန့်ကျန့် မင်းသတိထားနေနော် လူတစ်ယောက်မင်းအနောက် လိုက်နေတာငါမြင်တယ် "

ရှောင်းကျန့်နဲ့ပေါ်ပီက ကျန့်ပီကိုအထူးအဆန်းသဖွယ်ကြည့်ပြီး

"ဘယ်လို..."

"ဟုတ်တယ်...မကြာသေးခင်ကအတည်ပြုနိုင်သွားတာ သခင့်ကိုမပြောရသေးဘူး ဒီနေ့တွေ့တော့မှသေချာသွားတာ"

Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)Место, где живут истории. Откройте их для себя