|| Zawgyi ||
[ အိမ်ပြန်ချိန် ]
" ခေါင်းဆောင်....သူတိုကိုဘာလို့ လေ့ကျင့်ရေးတပ်ကွင်းမှာမတွေ့တာလဲဟင် ပြီးတော့ဘာလို့ Omega တွေပါတာလဲ "
လျှိ့ဝှက်အဖွဲ့နဲ့တွေ့ပေးပြီး ခဏတာမျှမိတ်ဆက်ကာ လေ့ကျင့်ရေးကွင်းကိုထွက်လာခဲ့တယ်။ ရှောင်းကျန့် မှာမရှင်းတာတွေကိုအခုထိ မေးလို့မပြီးသေးချေ။ ရိပေါ်က
" သူတို့ကအရမ်းထူးချွန်လို့ အုပ်ချုပ်သူကချွင်းချက်အနေနဲ့ ခွင့်ပြုထားတာ။ သူတို့လဲမင်းလေးလို ဟော်မုန်းအနံတွေခံနိုင်အောင် လေ့ကျင့်ထားတယ်လေ....။ "
ရှောင်းကျန့် ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်လိုက်တယ်။ လေ့ကျင့်ရေးကွင်းကိုရောက်တော့ တပ်သားအများကြီး တန်းစီရပ်နေတာကိုတွေ့လိုက်ရတယ်။ ရိပေါ် ကစဉ်မြင့်ပေါ်တတ်သွားသည်။ ရှောင်းကျန့်လည်းတတ်လိုက်ပြီး ရိပေါ်နဲ့ခပ်လှမ်းလှမ်းမှာသွားရပ်လိုက်တယ်။
" ဗိုလ်ချုပ်ဝမ် ကိုအလေးပြုပါတယ်"
အားလုံးစီစီညီညီအော်ဟစ် အလေးပြုကြတယ်။ ရိပေါ်လည်းပြန်အလေးပြုပြီးနောက် သူ့ရဲ့အနောက်ကနေပစ္စတိုသေနက်အရွယ်ရှိတဲ့ ထူးဆန်းတဲ့သေနက်တလက်ယူထုတ်လိုက်တယ်။ ဒီထူးဆန်းတဲ့သေနက်လေးရဲ့ အလယ်မှာလျှပ်စစ်တွေတစ်ဖျက်ဖျက်လက်နေပြီး အပြာရောင်အလင်းတန်းတချို့ဖြစ်ပေါ်နေတယ်။ တပ်သားတွေကအံ့ဩသွားပြီး ရိပေါ် လက်ထဲကသေနက်ကိုစိတ်ဝင်တစား ကြည့်နေကြတယ်။
" ဒါငါတို့Black လျှိ့ဝှက်အဖွဲ့က တီထွင်ထားတဲ့ပစ္စည်းတစ်ခုဘဲ့ ဒါကိုလျှပ်စစ်သေနက်လို့ခေါ်တယ်။ ဒီသေနက်ကရိုးရိုးကြည် မထိုးဖောက်နိုင်တဲ့ စက်ရုပ်တွေကိုထိုးဖောက်နိုင်ပြီး စက်ရုပ်တွေရဲ့အဓိကအသက်လှိုင်းကို ဒီလျှပ်စစ်သေနက်က ဖျက်ဆီးပေးနိုင်တယ်။ ကျည်ဆံအလုံး၃၀ ထိရှိတယ်။ သူ့ကိုကျည်ဖြည့်စရာမလိုဘူး နာရီတစ်ဝတ်ကြာရင် သူ့ဘာသာပြန်ပြည့်သွားလိုက်မယ်။ဒီအပြာရောင်အလင်းတန်းကိုလည်းဖျောက်လို့ရတယ်။ "
ရိပေါ် ပြောရင်းနဲ့လျှပ်စစ်လုံးလေးပေါ်နေတဲ့ နေရာအနားကိုနှိပ်လိုက်တော့ သာမန်သေနက်လေးလိုဖြစ်သွားတယ်။
YOU ARE READING
Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)
FanfictionII Zaw & Uni II Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung (D.W) ✴✴✴✴✴✴✴✴ Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung(D.W)