|| Zawgyi ||
[ ဒီကိုကိုက ချစ်တယ်လေ ]
" သားလေး...."
အိမ်တံခါးကိုလာဖွင့်ပေးတဲ့ အရမ်းနုပျိုနေပြီး ရှောင်းကျန့်ထပ်အရပ်အနည်းငယ်ပုကာ ချစ်စရာကောင်းတဲ့Omega ပါပါးလေး...ရှောင်းကျန့် သူ့ပါပါးကိုဖက်လိုက်ပြီး
"ပါပါး....Daddy ရောအကိုကြီးရော...ပေါ်ပီရေ "
ပါပါးကသူ့သားရဲ့အဆက်မပျက်မေးနေတဲ့ မေးခွန်းကိုဘယ်ကစဖြေရမယ်မသိတော့ ထိုအချိန်အနောက်ကနေဝင်လိုက်လာတဲ့ ရိပေါ် ပါပါးကရိပေါ်ကိုမြင်တော့ ရှောင်းကျန့်ကိုကြည့်ပြီး မယုံနိုင်ခြင်းတို့နဲ့
"အားကျန့်လေး...."
"အင်း...သူကလေဟိုကျွန်တော်တို့ ဗိုလ်ချုပ်ဝမ်လေ "
ပါပါးက ရှောင်းကျန့်ခေါင်းကိုဖွဖွထုလိုက်ပြီး
" ပါးမသိဘဲနေမလားကွဲ့ ပါးပြောတာက.... "
"ရှောင်းကျန့်ကOmegaဆိုတာ ကျွန်တော်သိပြီးသားပါ " ရိပေါ်ကဝင်ပြောသည်။ သူဒီကိစ္စကိုမကျေနပ်ချေ ဘယ်နှယ့်ကိုယ့်ကလေးကိုယ်......
"အာ....လာထိုင်ထိုင်ကြအုံး သားDaddyနဲ့အကိုကြီးက ယဉ်တီထွင်တာကိုသွားကြည့်တယ် သားအကိုကြီးကိုလွှဲမလို့လေ "
ပါပါးကပြောရင်း ထိုင်ခုံကိုညွှန်ပြပေမဲ့ ရှောင်းကျန့် ခေါင်းခါပြပြီး ရိပေါ်လက်ကိုဆွဲလိုက်ကာ
" ပါး ကျွန်တော်အခန်းကိုအရင်သွားလိုက်အုံးမယ်။ Daddy တို့ပြန်လာရင်ပြောနော်... ခေါင်းဆောင် လာသွားရအောင် "
ပြောရင်းအပေါ်ကိုတတ်သွားတော့တယ်။ ပါပါးကသူ့သားနဲ့ရိပေါ် ကိုကြည့်ရင်းတစ်ပြုံးပြုံးနဲ့ ဒီအတိုင်းဆိုစစ်တပ်ထဲမှာ စိတ်ချရပါပြီလေ...ထိုအချိန်အိမ်တံခါးဘဲလ်သံကြားလိုက်ရပြန်တယ်။ ပါးကသွားဖွင့်လိုက်ပေမဲ့ ဘယ်သူမှရှိမနေချေ....ပြန်ပိတ်မလို့လုပ်နေတုန်း
" အဟမ်း mr. ကျွန်တော်ကအောက်မှာ ဝင်ခွင့်ပြုပါအုံး "
ပါပါးကအောက်ငုံကြည့်လိုက်တော့ စက်ရုပ်ယုန်လေး ပါး ကြောင်နေတုန်းကျန့်ပီက အထဲဝင်သွားသည်။ ပြောရင်းရှောင်းကျန့် တို့တတ်သွားတဲ့ လမ်းတစ်လျှောက်ကို သူ့ရဲ့ရောင်ချည်မျက်လုံးလေးနဲ့ ကြည့်ပြီးအပေါ်ထပ်ကိုတက်သွားတော့တယ်။
YOU ARE READING
Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)
FanfictionII Zaw & Uni II Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung (D.W) ✴✴✴✴✴✴✴✴ Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung(D.W)