|| Zawgyi ||
[ ရောင်ခြည်လှိုင်း ]
" ဒီယာဉ်တွေ ဘယ်အချိန်ကတည်းက တည်ဆောက်လိုက်တာလဲ "
အနောက်ကနေလိုက်လာတဲ့ ရန်ကောရှန်း မှာအကောင်းစားယာဉ်ပျံကြီးကို ကြည့်ပြီးမသိစိတ်ကနေ ရိပေါ်ကိုမနာလိုစိတ်တွေ တတ်လာတော့တယ်။
** သူကဘာလို့ ငါ့ထပ်အစစအရာရာမှာ သာနေရတာလဲ **
" ဘာဖြစ်ဖြစ် မကြာခင်အဆုံးသတ်ရမှာဘဲ့ "
ရန်ကောရှန်း သူ့နောက်ပြန်လှည့်ထွက်သွားတော့တယ်။ သူဒီမှာနေဖို့မသင့်တော်ချေ.... နေရာအနှံအပြားမှာ လက်နက်တွေနဲ့ပစ်ခပ်နေကြတယ်။ မတော်တဆသူ့ယာဉ်ပျံကို ထိမိသွားရင်သူတစ်ခါတည်း လျောသွားမည်။ သူ့ယာဉ်ပျံကအရမ်း ကောင်းတဲ့အထဲမှာမပါပေ။
" ချီရှန် မင်းထိန်းချုပ်တဲ့ စက်ရုပ်တွေမြေပြင်လွှတ်တော့ အားလုံးဖြတ်ဆီးပြစ် "
"ဟုတ်ကဲ့ "
စက်ရုပ်တွေရဲ့ တစ်ဝက်လောက်က ယာဉ်ပျံတွေပေါ်ကနေပျံဆင်းသွားကြတယ်။ သူတို့ရဲ့လက်တွေမှာ လေဆာသေနက်အချို့နဲ့ သံမဏိကိုတောင်ပြတ်နိုင်တဲ့ ဓားတွေ၊ သံကြာပွတ်တွေကို ကိုင်ဆောင်ထားတယ်။ ရန်သူဘက်ကလူတွေမှာလည်း ဒီလိုမျိုးစက်ရုပ်တွေနဲ့ ရင်ဆိုင်ရမယ်လို့ မမျှော်လင့်ခဲ့တာမို့ အကြီးအကျယ်ကြောက်ရွံသွားတော့တယ်။
" ဝုန်း...."
နေရာအနှံမှာ မီးခိုးလုံးကြီးတွေထွက်ပေါ်နေပြီး ကြောက်ခမန်းအလိလိပင်... ရိပေါ်ကသူ့ထပ်အနည်းငယ်ကြီးတဲ့ စက်ရုပ်ကိုယ်ထဲကိုဝင်လိုက်တယ်။ ရှောင်းကျန့်နဲ့ ဇောင်ဖုန်ကလည်း တစ်ခြားစက်ရုပ်တွေထဲဝင်လိုက်တယ်။ သူတို့ဝင်လိုက်တဲ့စက်ရုပ်တွေကို ကိုယ်တိုင်ထိန်းချုပ်ရပြီး အသက်အန္တရာယ်မှအတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ပြုလုပ်ထားသည်။ ရိပေါ်ကအမိန့်ပေးလိုက်တယ်။
" ပေါက်စလေး၊ ဇောင်ဖုန် ( Black မှတိုက်ခိုက်သူAlpha) ၊ ငါတို့သူတို့ရဲ့ခေါင်းဆောင်ကို သတ်ရမယ်။ ဝေ့ယွင်လီ ( Black မှတီထွင်သူ omega) မင်းကပျက်စီးသွားတဲ့ စက်ရုပ်တွေနဲ့ ဒဏ်ရာရသူတွေကို ကုသပေးလိုက်"
ESTÁS LEYENDO
Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)
FanficII Zaw & Uni II Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung (D.W) ✴✴✴✴✴✴✴✴ Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung(D.W)