( အရင်ကလို ပြန်ဖြစ်တာမို့ တောင်းပန်ပါတယ်နော်😥)" ဒါဘယ်လိုဖြစ်နေတာလဲ "
ရိပေါ် သူ့အခန်းကိုရောက်တာနဲ့ ပြိုကျသံတွေကြားလိုက်ရတာမို့ အမြန်ဝင်ခဲ့တယ်။ မြင်လိုက်ရတာကတော့ သူ့ရဲ့စက်ရုပ်ကြီးကတစစီပြိုကျနေပြီး အပျက်အစီးတွေအလယ်မှာ အူတူတူရုပ်လေးနဲ့ စက်ရုပ်လက်ကြီးတစ်ဖက်ကို ကိုင်ကာရပ်နေတဲ့ရှောင်းကျန့်....
" ဒုန်း " ( စက်ရုပ်လက်ကျသံ)
ရှောင်းကျန့်သူကိုင်ထားတဲ့ လက်ကြီးကိုလွှတ်ချလိုက်ပြီး ရိပေါ် အရှေ့ပြေးသွားကာ မျက်နှာငယ်လေးဖြစ်
"ဟင့်....ခေါင်းဆောင် ဘယ်လိုလုပ်ရမလဲဟင် "
စက်ရုပ်ပျက်စီးသွားတာတော့ ရိပေါ် စိတ်ထဲအနှစ်နှစ်အလလလုပ်ထားခဲ့ရတာမို့ နှမျောမိရုံပင် ဒါမဲ့ဒီကောင်လေးရဲ့အနိုင်ကွက်ကိုတော့ အဆုံးရံှုးမခံနိုင်ပေ
"ဒီစက်ရုပ်အတွက် ဒေါ်လာမီလီယံပေါင်းများစွာ ပေးထားခဲ့တာ မျက်စိတစ်မှုတ်အတွင်းမရှိတော့ဘူး "
ရိပေါ်ရဲ့အေးစက်စက် စကားတွေကြောင့်ရှောင်းကျန့်မှာ ခွေတောင်လဲချင်သွားသလို။ ** မီလီယံနဲ့တောင်ချီလား**
ရှောင်းကျန့် အတတ်နိုင်ဆုံးမျက်နှာလေးကို ညိုးချထားပြီး" ခေါင်းဆောင် ကျွန်တော်မှာမီလီယံချီပြီးမရှိဘူး .. ဒါမှမဟုတ်ခေါင်းဆောင်ကြိုက်တာခိုင်းလေ "
ရိပေါ် မဲ့ပြုံးပြီးလိုက်ပြီး
"ကျန့်ပီ စာရွက်နဲ့ဘောပင်ယူလာ "
ကျန့်ပီ အမြန်ဘဲ့သွားယူလိုက်သည်။ ရိပေါ် စာရွက်ကိုယူပြီး
"ဒီမြာ စာချုပ်လုပ်မယ်...."
ရှောင်းကျန့်လေး အံဩသြားကာ
"ဘယ်လိုစာချုပ်လည်း "
"လွယ်ပါတယ်။ မင်းလေးကငါ့Omega အဖြစ်နေလေ"
"အ"
ရှောင်းကျန့် စိတ်ထဲမတရားသလို ခံစားသွားရရှာတယ်။
မီလီယံခီျစက်ရုပ်အတွက် Omega ဆောင်ပုဒ်လေးနဲ့လဲရမည်လော...
YOU ARE READING
Alpha အဖြစ်ဟန်ဆောင်သူလေး (Complete)
FanfictionII Zaw & Uni II Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung (D.W) ✴✴✴✴✴✴✴✴ Alpha တစ်ယောက်လိုနေလာခဲ့ရတဲ့ Omega လေးက... # YiZhan #writer- Saung(D.W)