"ဘာဖြစ်ချင်နေလဲလို့ မင်းထင်လဲ"
ကျောက်ရှင်းအာရဲ့ မျက်နှာက ထိန်းမရအောင် ပျက်သွားကာ..
"အစ်ကိုက ဘာလို့ ရှင်းအာကို မေးခွန်းပြန်ထုတ်ရတာလဲ...ရှင်းအာက အစ်ကို့ကို မေးနေတာလေ"
"အဲ့လို မေးရအောင် မင်းက Xiaozhan နဲ့ဘာဆိုင်လို့လဲ..မေးမယ့် မေး Xiaozhan ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ငါက အဲ့မေးခွန်းကို မေးရမှာ"
"ကောင်းပြီလေ...ရှင်းအာ ပြောမယ်..ရှင်းအာ အစ်ကို Xiaozhan ကို ချစ်တယ်..သူ့ချစ်သူ့ ဖြစ်ချင်တယ်"
"ဟုတ်လား..အဲ့ဒါဆို ကြိုးစားပေါ့..ဒါပေမဲ့..အလွယ်တကူတော့ မရနိုင်ဘူး..ဘာဖြစ်လို့လဲဆိုတော့..."
Yiboက သူမနား နားကို ကပ်ကာ..
"ငါက Xiaozhan နဲ့ ငါနဲ့ ကြားကို အပြင်လူ ကို အဝင်မခံနိုင်ဘူး"
သူမက ယုံကြည်မှု့ရှိသည့် အပြုံးမျိုးကို ပြုံးကာ
"ရှင်းအာက ရအောင် ဝင်မှာ"
Yiboက နှုတ်ခမ်းတစ်ဖက်တွန့်ကာ ပြုံးလိုက်ပြီး..
"အပြောမကြီးပါနဲ့...လောလောဆယ် Xiaozhan ငါ့ကို ဂရုစိုက်သလို မင်းကို ဂရုစိုက်အောင်ပဲ အရင် ကြိုးစားလိုက်ဦး"
Yiboက ကျောက်ရှင်းအာ ကို ထိုစကားပြောပြီး Xiaozhan ပြန်လာတာကို လှမ်းမြင်လိုက်ရတာကြောင့် ခုံပေါ်ပြန်ထိုင်လိုက်သည်။ ကျောက်ရှင်းအာ က သူ့ကို ဒေါသတကြီးကြည့်ကာ
"ရှင်းအာလုံးဝ အရှုံးမပေးဘူး..အစ်ကို Xiaozhan ကို ရအောင် ယူမှာ"
"As you like"
"Yibo"
Xiaozhan ရောက်လာတာကြောင့် ကျောက်ရှင်းအာ မျက်နှာက ချက်ချင်းပျော့ပျောင်းသွားသည်။
ဆယ့်နှစ်မျိုးဂျင်းသုပ် မျက်နှာနဲ့ မိန်းမပါပဲ။ တက်လဲ တက်နိုင်ပ။Xiaozhan က Yibo ဘေး ထိုင်လိုက်ပြီး.....
"သက်သာလား..ရော့..ငါလီမွန်တီး ယူလာတယ်..ခေါင်းကြည်သွားအောင် သောက်လိုက်"
"အင်း.."
Yiboက အအေးဘူးပေးပြီးမှ Xiaozhan က ကျောက်ရှင်းအာ ကို ကြည့်ကာ..
YOU ARE READING
ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)
Fanfictionသေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? )