Yibo မျက်လုံးတွေ ပြန်ပွင့်လာတော့ သူ့ကို စိုးရိမ်တကြီး ကြည့်နေသည့် Xiaozhan မျက်နှာကို မြင်လိုက်ရသည်။
"Yibo...."
Xiaozhan ရဲ့ လေသံက ဖျော့တော့နေပြီး ခေါင်းကို ငုံ့ ထားတာကြောင့် သူ စိုးရိမ်သွားကာ...
"Xiaozhan.... ဘာဖြစ်နေတာလဲ"
"ငါက ပျင်းစရာ ကောင်းနေလားဟင်"
"ဟမ်....ဘာကို ပျင်းစရာ ကောင်းနေတာလဲ"
"ခုနက ငါနမ်းမလို့ လုပ်တုန်း မင်း အိပ်ပျော်သွားတာလေ..အဲ့ဒါ...ငါက ပျင်းဖို့ ကောင်းနေလို့လား"
"အာ...ဘာကသာ..အဲ့ဒါက...ဟို ခွေး...အဲလေ..အဲ့ဒါက ငါ ညက အိပ်ရေးပျက်ထားလို့ပါကွာ"
ညိုးငယ်နေတဲ့ Xiaozhan မျက်နှာလေးကို ကြည့်ပြီး Yibo စိတ်မကောင်း။ ငုံးမ သေမင်း ငါ့ Crush အဲလေ ငါ့ ကောင်လေး မျက်နှာကို ညိုး အောင် လုပ်တာ မျက်ခွက်စုတ်သွားအောင် ပိတ်ထိုးချင်လိုက်တာ။
Yiboက Xiaozhan မျက်နှာကို ဖွဖွထိကာ..
"ပြုံးပြ..."
Xiaozhan က ပြုံးပြလာကာ သူ့ကို စိုက်ကြည့်ပြီး..
"ငါ့ကို ချစ်လား.."
"အင်း..."
"တွေ့လား..မင်းချစ်တယ်လို့ မဖြေဘူး..ဘာလဲ မချစ်လို့လား"
"မဟုတ်ပါဘူး..Xiaozhan ရာ..ချစ်တယ်..အများကြီး ချစ်တယ်"
Xiaozhan က တောက်ပစွာ ပြုံးလာကာ Yiboကို ပွေ့ဖက်လာပြီး...
"ငါက မင်းကို ချစ်နေတာ ကြာပြီ..ငတုံးလေး..မင်းက အရိပ်အယောင် တွေ ပြနေတာတောင် မမြင်ဘူး..လည်မလိုလိုနဲ့ တုံးနေတဲ့ ငတုံးလေး.."
Xiaozhan စကားကြောင့် သူ အံ့သြ သွားကာ..
"ငါ့ကို ချစ်နေတာ ကြာပြီ ဟုတ်လား...Xiaozhan "
"အင်း..."
"ဘယ်အချိန်ထဲကလဲ.."
"ငါမမှတ်မိတော့ဘူး..ငါသတိထားမိတဲ့ အချိန်မှာ မင်းက ငါ့ရင်ထဲ ရောက်နှင့်နေပြီ.."
"ငါက မင်းထက် အရင် စီနီယာ ကျတယ်..ငါက အချစ်ဆိုတာ ဘာလဲ စသိထဲက မင်းကို ချစ်လာတာ"
YOU ARE READING
ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ် (ငါ့ Crushက ငါ့ကို ကြိတ် ကြိုက်နေတယ်)
Fanfictionသေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? (သေပြီးတဲ့နောက် ပြန်မွေးဖွားလာပြီး Crush ပြန်ကြိုက်ရင် သေရတာ တန်သွားပြီမလား?? )